NewsPolitic

ရက္ခိုင်တွင် စစ်ရှုံးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ၃ ဦးကို စကမ သေဒဏ်ပေး

အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ​မြောက်ပိုင်း တိုက်ပွဲများအတွင်း စစ်ဆင်​ရေးအ​ခြေအ​နေအရ ဆုတ်ခွာခဲ့ကြ​တဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိကြီး (၃) ဦးကို စစ်ကော်မရှင်က ​သေဒဏ် နဲ့ ​ထောင်ဒဏ်များ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒကစ (စစ်​တွေ) တွင် စစ်တရားရုံးတင် စစ်​ဆေး​နေ​တဲ့ ဘူးသီးတောင်မြို့ အခြေစိုက် ခလရ (၂၆၃) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူ ကို တပ်မ​တော်အက်ဥပ​ဒေ ပုဒ်မ-၃၂ (က) နဲ့ ၃၂ (ဎ) အရ ​သေဒဏ်၊ ခမရ (၃၅၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တိုးဝေမြင့် နဲ့ စကခ (၁၉) မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့် တို့ကို ပုဒ်မ-၃၂ (က) နဲ့ ​ထောင်ဒဏ် နှစ် ၂၀၊ အသီးသီးချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ အရာရှိကြီး (၃) ဦးဟာ ၂၀၂၄ ခုနှစ် မေလက ဘူးသီး​တောင်တိုက်ပွဲများတွင် စကခ (၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (လက်ရှိ-စစ်သုံ့ပန်း) နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒကစ (စစ်တွေ) ကို ဖမ်းဆီး ပို့ဆောင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လက အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်တော်တိုက်ပွဲကနေ ဆုတ်ခွာလာခဲ့တဲ့ ဗျူဟာမှူးအဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၃) ဦး ကိုလည်း သေဒဏ်များ ချမှတ်ခဲ့ပါတယ်။

အလားတူ “ ၁၀၂၇ စစ်ဆင်ရေး”  ဒုတိယပိုင်း ပြင်းထန်နေချိန် နောင်ချိုမြို့နယ် သံဘိုရွာစစ်ဆင်ရေးကနေ ဆုတ်ခွာခဲ့တယ်လို့ဆိုကာ တပ်မတော်နည်းပညာတက္ကသိုလ် စာပေဌာနမှ ဒုတိယဗိုလ်မှူးကြီး (ကထိက) ၁  ဦးကိုလည်း ပုဒ်မ-၃၂ (က) နဲ့ ထောင်ဒဏ် နှစ်-၂၀ ချမှတ်ခဲ့ပါသေးတယ်။

တပ်မတော်အက်ဥပဒေ ပုဒ်မ-၃၂ (က) ဟာ စစ်ဆင်ရေးတာဝန်ကျနေရာကနေ ဆုတ်ခွာခြင်း သို့မဟုတ် အခြားတဦးဦးကို ဆုတ်ခွာရန် ဖိအားပေးခြင်း၊ တိုက်တွန်းခြင်း စတဲ့ စွပ်စွဲချက်များ၊ ပုဒ်မ-၃၂ (ဎ) ဟာ အထက်အရာရှိက ပေးအပ်တဲ့ စစ်ဆင်ရေးတာဝန်ကို လိုက်နာရန် ပျက်ကွက်မှုဆိုတဲ့ စွပ်စွဲချက်ပုဒ်မများ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref – MDSI

Related posts

ကျောက်တော်တွင် အသင်းတော် ၅ သင်း စုပေါင်းပြီး အီစတာပွဲတော် (ရှင်ပြန်ထမြောက်ပွဲ) ကျင်းပ

Rakhita Times

ကပစ ၁၄ ကို ရှော့တိုက်ဒုံးနဲ့ CDF – Asho တိုက်ခိုက်

Rakhita Times

ဘူးသီးတောင်က ဝေးလံခေါင်ဖျားရှိ ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့ ထောက်ပံ့

Rakhita Times

6 comments

https://molchanovonews.ru/ ဇွန် 13, 2026 at 9:09 မနက်

References:

Hit n spin promo code https://molchanovonews.ru/

Reply
https://bonus-code-casino.online-spielhallen.de/ ဇွန် 15, 2026 at 7:12 ညနေ

References:

Maryland live virtual casino https://bonus-code-casino.online-spielhallen.de/

Reply
Casino Einzahlung Lastschrift ဇွန် 16, 2026 at 5:06 ညနေ

References:

Slot Machine Spiele kostenlos Casino Einzahlung Lastschrift

Reply
classifieds.ocala-news.com ဇွန် 17, 2026 at 5:53 မနက်

References:

Casino script classifieds.ocala-news.com

Reply
https://flashjournal.site/ ဇွန် 19, 2026 at 5:27 ညနေ

References:

Legiano Casino Slots https://flashjournal.site/

Reply
https://forum.board-of-metal.org ဇွန် 19, 2026 at 5:31 ညနေ

References:

Legiano Casino Bewertung https://forum.board-of-metal.org

Reply

Leave a Comment