EnvironmentNews

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကိုရောက်လာနိုင်

Featured Video Play Icon

လက်ရှိ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာနက အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မြောက်ဖက်ကို ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၂၂ရက် မှာ မုန်တိုင်းငယ်အဖြစ်၊ အောက်တိုဘာလ ၂၃ရက် နံနက်ပိုင်းမှာ ဆိုင်ကလုန်းမုန်းတိုင်း ဒါန (DANA) အဖြစ်ကို ရောက်ရှိမှာဖြစ်ပြီးတော့ အောက်တိုဘာလ ၂၄ရက် မနက်ပိုင်းမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ကို ရောက်ရှိမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အိန္ဒိယမိုးလေဝသဋ္ဌာန နဲ့ WINDY – ECMWF, GFS နဲ့ CON model တွေရဲ့ ခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ မြန်မာနိုငံဘက်ကို ဦးတည်တာမရှိဘဲ အိန္ဒိယနိုင်ငံ ဩရိသပြည်နယ်နဲ့ အနောက်ဘင်္ဂလားပြည်နယ် ကမ်းခြေတွေကို ဦးတည်ရွေ့လျားနေတာဖြစ်ပြီး အောက်တိုဘာလ ၂၄ရက် ညနေပိုင်းကနေ ၂၅ရက် မနက်ပိုင်း အချိန်အတွင်းမှာတော့ အဲ့ဒီ ပြည်နယ်တွေထဲက ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။


Related posts

ငလျင်ကြောင့် မန္တလေးတွင် လူ ၇၀၀ နီးပါး သေဆုံး

Rakhita Times

မန်လီရွာကို စစ်ကောင်စီ ဗုံးကြဲ၊ သာသနိက အဆောက်အအုံများ ပျက်စီး

Rakhita Times

■ ထိုင်းမှာ အသေအပျောက်များတဲ့ ဆောက်လုပ်ရေး မတော်တဆမှုတွေကို လူထု ဒေါသထွက်

Rakhita Times

9 comments

Leave a Comment