NewsPolitic

ဗိုလ်ချုပ် ထွန်းမြတ်နိုင် မွေးနေ့ အထိမ်းအမှတ် မွတ်ဆလင် ၈၀ ကျော် လွတ်ငြိမ်းခွင့်ပေး

အာရက္ခတိုင်းမ်စ် (၉ နိုဝင်ဘာ ၂၀၂၅)

အာရက္ခတပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ARSA, RSO စတဲ့ အဖွဲ့အစည်းနဲ့ ဆက်စပ်မှုကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ မွတ်ဆလင် ၈၂ ဦးကို နိုဝင်ဘာလ ၇ ရက် ညနေက လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီ (စစ်ကော်မရှင်) အပါအဝင် ARSA, RSO နဲ့ ဆက်စပ်လို့ ဖမ်းဆီးခံထားရပြီး ပြစ်ဒဏ်ကျခံနေရသူတွေထဲက ၈၂ ယောက်ကို သူတို့ မိသားစုလက်ထဲ ပြန်လွှဲပေးလိုက်တာ” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်က လွှတ်ပေးလိုက်တဲ့ မွတ်ဆလင်များမှာ ပြစ်ဒဏ်နည်းပါးတဲ့ မွတ်ဆလင်များ၊ သက်ကြီးရွယ်အို မွတ်ဆလင်များ နဲ့ စစ်ကော်မရှင်ထံမှ ထွက်ပြေး အလင်းဝင်လာသူများ ဖြစ်တယ်လို့လည်း သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ လွှတ်ပေးလိုက်တဲ့ မွတ်ဆလင် ၈၂ ဦးကို ခရိုင်မွတ်ဆလင်ရေးရာကောင်စီအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဂျူရီအဖွဲ့ဝင်များ ရှေ့တွင် မိသားစုထံ ပြန်လှန်အပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။

Photo – APM

Related posts

AA က တောင်ကုတ်က ရွာ ၁၂ ရွာကို ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ပေး

Rakhita Times

ဘူးသီးတောင်က ဝေးလံခေါင်ဖျားရှိ ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့ ထောက်ပံ့

Rakhita Times

စစ်တွေ ပွိုင့်ကမ်းခြေကို ၃ ရက် ပြန်ဖွင့်ပေးမယ်

Rakhita Times

6,461 comments

Leave a Comment