NewsPolitic

စစ်ကောင်စီမှ သံတွဲမြို့ကို လေယာဥ်ဖြင့် ဗုံးလာကြဲ၊ ၃ နေရာ ပေါက်ကွဲ၊ ပြည်သူ ၂ ဦး သေဆုံး

စစ်ကောင်စီမှ သံတွဲမြို့ကို လေယာဥ်ဖြင့် ဗုံးလာကြဲ၊ ၃ နေရာ ပေါက်ကွဲ၊ ပြည်သူ ၂ ဦး သေဆုံး

(Breaking News)

အာရက္ခတိုင်းမ်စ် (၁၀-နိုဝင်ဘာ-၂၀၂၄)

ရက္ခိုင်ပြည် သံတွဲမြို့ကို ယနေ့ နံနက် ၃ နာရီခန့်က စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ၃ နေရာပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူ ၂ ဦး သေဆုံးကြောင်း သိရပါတယ်။

“ TMP စက်ရုံကို တစ်လုံး၊ တောင်ကုတ်ကားဂိတ်ကို တစ်လုံးနဲ့ အံတော်တံတားထိပ်ကို တစ်လုံးကျတယ်။ အံတော်တံတား (ဒွာရာဝတီ) ကိုများ ချိုးချင်နေတာလားမသိဘူး။” လို့ သံတွဲဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အောက်တိုဘာလ ၂၄ရက် မနက် ၄နာရီကျော်ကလည်း စစ်ကောင်စီရဲ့ လေယာဥ်မှ ဗုံးကျဲမှုကြောင့် သံတွဲမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး နဲ့ စစ်သားစုဆောင်းရေးရုံးတို့လည်း ပျက်စီးခဲ့ပါတယ်။

“ သေဆုံးသူ နှစ်ယောက်မှာ တစ်ယောက်က စိတ်မနှံ့က ကောင်မလေး၊ သူ့ကို သံတွဲကလူတိုင်း သိကြတယ်။ လူတွေက ညဖက်ဆို မအိပ်ရဲကြဘူး။ နေ့တိုင်း အပေါ်ကနေ ပျံတယ်။ မျက်တွင်းဟောက်ပက်နဲ့ အကြောက်တရားနဲ့ နေနေကြရတယ်။” လို့ ထပ်မံ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လေယာဥ်ဖြင့် ဗုံးလာကြဲသဖြင့် ဒေါ်စုစုလှိုင် နဲ့ မဝိုင်းစိန်မ တို့ ဖြစ်ကြောင်း APM သတင်းဌာနက ဖော်ပြထားပါတယ်။

အလားတူ စက်တင်ဘာလ ၂၆ ရက် မနက်ပိုင်းက သံတွဲမြို့ ဒွါရာဝတီမြို့တော်ခန်းမ နဲ့ သဘာဝပတ်ဝန်းကျင်ရုံးကို စစ်ကောင်စီရဲ့ လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် အရပ်သားပြည်သူ ၁၄ ဦး သေဆုံးခဲ့ပြီး လူဦးရေ ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

Related posts

ရက္ခိုင်မြောက်ပိုင်းမှာ ARSA စစ်ရေးထိုးဖောက်လာတာ ဘာကြောင့်လဲ

Rakhita Times

အမ်းကို ရိက္ခာပို့မယ့် ကား၃စီးကို ခြုံခိုမိုင်းဆွဲ၊ စကစ ၉ ဦးသေ ရိက္ခာကား ၂ စီး ပျက်စီး

Rakhita Times

သံတွဲကို စစ်ကောင်စီဗုံးကြဲလို့ ဒဏ်ရာရှိသူထဲက ၁ ဦး ထပ်မံ သေဆုံး

Rakhita Times

Leave a Comment