NewsPolitic

ရက္ခိုင်ပြည်မှာ စစ်ကောင်စီတပ်ဖွဲ့ အလုံးစုံချုပ်ငြိမ်းရေး လုပ်ဆောင်နေဟု AA ပြော

အာရက္ခတိုင်းမ်စ် (၁၄ နိုဝင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်သူ နဲ့ အာရက္ခတပ်တော်ရဲ့ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာရက္ခဒေသတွင်းရှိ စစ်ကောင်စီတပ်ဖွဲများအားလုံး အလုံးစုံချုပ်ငြိမ်းစေရေးကို မိမိတို့ ဆက်လက်အကောင်အထည် ဖော်လျက်ရှိတယ်လို့ AA က ထုတ်ပြန်ပြောဆိုပါတယ်။

ရက္ခိုင်ပြည် နဲ့ ပလက်ဝဒေသကို အာရက္ခတပ်တော်က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေး ၁ နှစ်အတွင်း မြို့ ၁၁ မြို့ နဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ် ချိန်ခါလီနယ်ခြားစောင့်စခန်း အပါအဝင် စစ်ကောင်စီ၏ အရေးပါသော တပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်မှုနှင့်အတူ စစ်ကောင်စီ တပ်စခန်းများအား မရပ်မနား တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပလက်ဝဒေသ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ မြေပုံ၊ ‌ပေါက်တော၊ သံတွဲ နဲ့ ကျိန္တလီမြို့တွေရှိ စစ်ကောင်စီစခန်းအားလုံးကို စစ်ဆင်ရေး ၁ နှစ် မပြည့်မီကာလအတွင်း သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ခမရ (၃၇၃)-အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမတ (၃၇၄)-အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ လလစ (၇၅၇)-အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ စနခ (၃၄၅)-အမှတ် (၃၄၅) စစ်လက်နက်ပစ္စည်းတပ်ခွဲ၊ တစသ (၈)- အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ တဆရ(၂/၃၀၀)-အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လကရ-လေကြောင်းရန်ကာကွယ်ရေးတပ်၊ စရဖ-စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့ကို အာရက္ခတပ်တော်မှ သိမ်းပိုက်ရရှိထားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် ကျန်ရှိနေသော စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ခွဲများကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေပြီး အမ်း၊ နပခဌာနချုပ်ရှိရာ ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

Related posts

AA ရဲ့ လက်နက်ကြီးတွေ စစ်တွေက တပ်ရင်း ၁၂ နဲ့ ရေတပ်ဌာနချုပ်ကို ကျ

Rakhita Times

မွေးကင်းစကလေးငယ်တွေအတွက် နို့မှုန့်အာဟာရ တတိယအကြိမ်လှူဒါန်း

Rakhita Times

တောင်ကုတ်မြို့သိမ်းတိုက်ပွဲတွင် ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစု ၁၅၀ နီးပါး AA ပြန်လွှတ်ပေး

Rakhita Times

5 comments

Leave a Comment