NewsPolitic

ရက္ခိုင်ပြည်တွင် သန်းခေါင်စာရင်း အပြည့်အဝ မကောက်နိုင်

အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၄)

အာရက္ခတပ်တော်နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ရက္ခိုင်ပြည်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က စတင်ပြီးတော့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ အမ်းနဲ့ ဂွမြို့နယ်တွေမှာ သန်းခေါင်စာရင်း ကောက်ခဲ့ပေမယ့်လည်း အပြည့်အဝ ကောက်နိုင်မှာ မဟုတ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ မြို့နယ် ၁၇ မြို့နယ် ရှိပေမယ့်လည်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပေါက်တော၊ ရမ်းဗြဲ နဲ့ သံတွဲ စတဲ့ ၁၀ မြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတာကြောင့် အဲဒီမြို့နယ်တွေကိုတော့ သန်းခေါင်စာရင်း ကောက်နိုင်မှာ မဟုတ်ပါဘူး။

သန်းခေါင်စာရင်း ကောက်ခဲ့တဲ့ စစ်တွေ၊ ကျောက်ဖြူတို့လောက်ပဲ ကောက်လို့ရမှာဖြစ်ပြီးတော့ တခြားမြို့နယ်တွေမှာ တိုက်ပွဲမရှိပေမယ့်လည်း တိုက်ပွဲကြောင့် ရက္ခိုင်ပြည်က ဒေသခံ အများအပြားဟာ ရွာလုံးကျွတ်နီးပါး တခြားဒေသတွေကို တိုက်ပွဲရှောင်နေကြရတဲ့အတွက် ကောက်နိုင်ဖို့ မသေချာဘူးလို့ မြောက်ဦးဒေသခံ ဦးမောင်နိုင်က ပြောပါတယ်။

“တိုက်ပွဲမရှိဘူးဆိုပေမယ့် အဲဒီဘက်က စစ်ကောင်စီဘက်က ဝန်ထမ်းတွေက တစ်ယောက်မှ မရှိတော့ဘူးလေ။ လာရင်လည်း ရမလား၊ မရဘူးလားဆိုတာ မပြောနိုင်ဘူး။ ကောက်လို့ ရမလား၊ မရဘူးလား ပြောမယ်ဆိုလို့ရှိရင် အေအေ ထိန်းချုပ်တဲ့နယ်မြေဆိုတော့ သူတို့လာဖို့ မလွယ်ဘူးလေ။ အဲဒီလိုမျိုးပါ ဒီမှာတော့ မရှိပါဘူး။ ရှိရင်တော့ စစ်တွေတို့၊ ကျောက်ဖြူတို့ ရှိရင် ရှိမှာပါ။ ကျန်တဲ့နေရာတွေတော့ ကောက်မယ်မထင်ပါဘူး။ စစ်တွေမှာတော့ ကောက်တယ်လို့ ပြောသံကြားတယ်။ ကျန်တဲ့နေရာမှာ ကောက်လို့မရဘူး။ ကျန်တဲ့နေရာမှာ သူတို့ သွားလာလို့ မရဘူးလေ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့မှာ သန်းခေါင်စာရင်း ကောက်ယူတယ်ဆိုပေမယ့်လည်း ဟန်ပြအနေနဲ့ပဲ ကောက်ယူနိုင်မယ်ဆိုပြီးတော့ ဒေသခံတွေက ပြောပါတယ်။

ပြီးတော့ အဲဒီမြို့နယ်တွေမှာလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယားက မြို့ပေါ်ရပ်ကွက်လောက်ပဲ လည်ပတ်နိုင်ပြီးတော့ ကျေးရွာတွေမှာတော့ ထိရောက်မှု မရှိဘူးလို့ သိရပါတယ်။

ကျောက်ဖြူဒေသခံ ကိုခိုင်မင်းက “ကျောက်ဖြူမြို့ အစ်ကိုတို့ သိရသလောက် ဆိုလို့ရှိရင် ကျောက်ဖြူမြို့ပေါ်မှာတော့။ နယ်ဘက်မှာတော့ ကောက်လို့တော့ မရတော့ဘူးလေ။ ကျောက်ဖြူမှာလည်း မြို့ပေါ်လောက်ပဲ ရတာပေါ့။ နယ်ဘက်ဆိုရင်တောင် ကျောက်ဖြူမြို့ပေါ် မြို့အထွက်က ရွာလောက်ပဲ ရွာတွေလောက်ပဲ ရတော့မှာ။ ရွာဆိုလည်း တစ်ရွာ၊ နှစ်ရွာပေါ့ အဲဒီလောက်ပဲ သူတို့ ကောက်လို့ရမယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အခုလို နေရာအနည်းစုလောက်ပဲ ကောက်ယူနိုင်တဲ့ စစ်ကောင်စီရဲ့ သန်းခေါင်းစာရင်းဟာ တိတိကျကျ မဖြစ်နိုင်သလို ဟန်ပြလုပ်ငန်းစဉ်တခုသာ ဖြစ်တယ်ဆိုပြီးတော့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ထောက်ပြထားကြပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ ငွေကျပ် သန်းပေါင်း ၅သောင်း ၆ထောင်ကျော် အကုန်အကျခံ ကောက်ယူမှာဖြစ်ပြီးတော့ ကောက်ယူရရှိတဲ့ သန်းခေါင်စာရင်းကိုတော့ လာမယ့် ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။

Related posts

ULA/AA နှင့် ထောက်လှမ်းရေးအခန်းကဏ္ဍ

Rakhita Times

အာရက္ခတပ်တော်အပေါ် တရုတ် ဘယ်လို သဘောထားသလဲ

Rakhita Times

စစ်ကောင်စီမှ သေနတ်ဖြင့် အရပ်သား ၂ ဦး ကို ပစ်သတ်၊ ရွာသားအချို့ကို ဖမ်းဆီးထား

Rakhita Times

1 comment

https___ja_zeen မတ် 12, 2026 at 5:49 မနက်

Sprawdz poradnik czy warto zaczac od analog fpv, jesli szukasz najlepszych wskazowek przy wyborze kamery FPV na start.
Systematyczna konserwacja i aktualizacje firmware’u zapewniaja stabilne dzialanie urzadzenia.

Reply

Leave a Comment