NewsPolitic

ရှမ်းမြောက်တိုက်ပွဲတွင် လားရှိုးမြို့က အခြေအနေ အဆိုးဆုံးဟုဆို

အာရက္ခတိုင်းမ်စ် (၂၃ နိုဝင်ဘာ ၂၀၂၄)

ရှမ်းမြောက်တိုက်ပွဲတွေထဲမှာ လားရှိုးမြို့က အခြေအနေ အဆိုးဆုံးဖြစ်နေတယ်လို့ နိုင်ငံရေး လေ့လာတဲ့သူတွေက သုံးသပ်ထားပါတယ်။

ရှမ်း​မြောက်ဧရိယာအားလုံးက တိုက်ပွဲတွေ ဖြစ်နေပေမယ့်လည်း လာရှိုးမြို့နယ်က လက်ရှိမှာ ထိတွေ့တိုက်ပွဲတွေ မရှိတော့ပါဘူး။

ဒါပေမယ့် လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခံထားရတာတွေ၊ စစ်တပ်က လေယာဉ်နဲ့ အကြိမ်ရေတော်တော်များများ ဗုံးကြဲခဲ့တဲ့ဒဏ်တွေကြောင့် လာရှိုးမြို့က ပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးနေတဲ့အပြင် ဒေသခံတွေလည်း ဒုက္ခရောက်နေကြတာပါ။

ဒါ့ကြောင့် စစ်ဖြစ်တဲ့ဒေသတွေမှာ ဗုံးကြဲခံနေရတဲ့ လားရှိုးက အဆိုးဆုံးဖြစ်တယ်ဆိုပြီး ကျောက်မဲဒေသခံ ဦးတင်မောင်သိန်းက ပြောပါတယ်။

“ရှမ်းပြည်မြောက်ပိုင်း ဧရိယာအားလုံးက စစ်ဖြစ်နေတဲ့ ဧရိယာချည်းပဲ။ မူဆယ်၊ နမ့်ခမ်း၊ မုံးကိုးပေါ့နော် အဲဒီဘက်ကနေပြီးတော့ ဘယ်လောက်ထိ ဆင်းလာလဲဆိုတော့ ကွတ်ခိုင်၊ သိန္နီ၊ နမ့်ဖက်ကာ၊ တာမိုးညင်း၊ လာရှိုးအထိ အဲဒီမှာလည်းပဲ စစ်ပွဲတွေ ဖြစ်နေတာပဲ။ လားရှိုးအောက်ပိုင်းကို ထပ်ဆင်းမယ်ဆိုလို့ရှိရင် ကျနော်တို့ အရှေ့ဘက်ကို ထပ်တိုးမယ်ဆိုလို့ရှိရင် တန့်ယန်းအထိပေါ့နော် နောက်တစ်ခါ မိုင်းရယ်၊ နန့်နမ် အဲဒီအထိ ကူးစက်ချင်တာ။ အဲဒီအထိ သွားတဲ့အခါကျတော့ အောက်ဘက် နည်းနည်းဆင်းရင် ကျနော်တို့ ကျောက်မဲ၊ သီပေါ၊ နောင်ချို။ နောင်ချိုနဲ့ နမ့်ခမ်းက အခုထိ ထိတွေ့မှု ဖြစ်နေတုန်း။ အဲဒီတော့ အားလုံးခြုံကြည့်ရင် ဧရိယာအားလုံးသည် စစ်ဖြစ်နေတဲ့ ဧရိယာတွေဖြစ်တယ်။ အဲဒီအထဲမှာ ဘယ်ဟာအဆိုးဆုံးလို့ ပြောရမယ်ဆိုရင် လားရှိုးလိုဟာမျိုးပေါ့” လို့ ပြောပါတယ်။

လက်ရှိ ရှမ်းမြောက်မှာ မြို့အများအပြားကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပေမယ့်လည်း အဆိုပါ မြို့၊ ရွာတွေကို စစ်ကောင်စီက နေ့စဉ်နှင့်အမျှ လေကြောင်း တိုက်ခိုက်ခံရ၍ ပြည်သူလူထုတွေ ပိုမိုဒုက္ခရောက်ရတယ်လို့ ပြောပါတယ်။

ဒီလိုမျိုး အပျက်အစီးနဲ့ လူတွေ သေကြေတာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် အဲဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ရပ်တန့်နိုင်မှပဲ အဆင်ပြေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို စစ်ပွဲကို စခဲ့တဲ့သူတွေမှာ အဓိက တာဝန်ရှိတယ်လို့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

“စစ်ပွဲတွေ ဖြစ်လာပြီဆိုရင် စစ်နဲ့ပတ်သက်တဲ့နေရာက ဘယ်သူမဆို ဒဏ်ခံရတာတွေပါပဲ။ အဲဒီအချိန်မှာတော့ ဘယ်သူ့ကြောင့်မို့လို့ ဘာကြောင့်မို့လို့ဆိုတာတော့ မရှိဘူး။ အရပ်သားတွေကတော့ ရိုးရိုးသားသားနေကြတဲ့ အရပ်သားတွေကတော့ စစ်ပွဲရဲ့ဒဏ်ကို ခံကိုခံရမှာပဲ ဒါကတော့ ရှောင်လွှဲလို့မရတဲ့ကိစ္စ။ သူတို့ကို ရှောင်လွှဲနိုင်အောင် လုပ်မယ်ဆိုရင် ကျနော်တို့က ဒီနေရာမှာရှိတဲ့ ပဋိပက္ခကို အမြန်ဆုံး ရပ်တန့်နည်းပါပဲ။ ဒါကတော့ နောက်ပိုင်းမှာ ဖြစ်လာမှာပါ။ တစ်ဖက်ကလည်း လက်နက်ကိုင်တွေက သူတို့က နယ်မြေတွေ ရပြီးမှ အစိုးရတစ်ရပ်ကို သူတို့ရဲ့ အင်အားရှိကြောင်း ပြသဖို့ သူတို့နယ်မြေရှိကြောင်း၊ သူတို့ကို ထောက်ခံကြောင်း အဲဒါကို ပြသဖို့တော့ သူတို့က ဒါကို စတင်သူ ဖြစ်သွားတယ်။” လို့ ပြောပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစပြီး လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ် နှစ်ဆယ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး သုံးလအတွင်း အရပ်သား ၃ ဦး သေဆုံးပြီး နောက်ထပ် ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရတယ်လို့ MNDAA က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် တစ်ရက်တည်းမှာပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတာ ရှိတယ်လို့လည်း သိရပါတယ်။

Related posts

အခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်ပို့ခွင့်ကာလကို ထိုင်းလျှော့ချ

Rakhita Times

တောင်ကုတ်ရိုးပေါ်တွင် ခရီးသွားများ မိုင်းနင်းမိလို့ ၆ ဦးထပ်မနည်း သေဆုံး

Rakhita Times

ငပလီမြို့ ဗုံးကြဲခံရမှုကြောင့် သေဆုံးသူများတွင် ၃ နှစ်အရွယ် ကလေးတဦးပါဝင်

Rakhita Times

4 comments

faamru ဇန်နဝါရီ 6, 2026 at 4:44 မနက်

Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу

Reply
ab-resurs ဇန်နဝါရီ 6, 2026 at 7:29 မနက်

Продажа тяговых https://ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

Reply
kraken ဇန်နဝါရီ 6, 2026 at 10:32 ညနေ

Официальные onion адреса на кракен онион адреса и ссылки для максимально анонимного доступа через Tor

Reply
RobertBrory ဇန်နဝါရီ 7, 2026 at 1:48 ညနေ

Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России

Reply

Leave a Comment