BusinessNewsPolitic

ကုလားတန်မြစ်ဝှမ်း စီမံကိန်းကြောင့် စစ်တွေကို ဦးစားပေး သိမ်းနိုင်

အာရက္ခတိုင်းမ်စ် (၁၇ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည်အတွင်းက မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ စီမံကိန်း တစ်ခုဖြစ်တဲ့ ကုလားတန်မြစ် ဘတ်စုံသုံး စီမံကိန်းရှိတဲ့ စစ်တွေမြို့ကို အာရက္ခတပ်တော်က ဦးစားပေး သိမ်းပိုက်လာနိုင်တယ်လို့ နိုင်ငံရေးနဲ့ စစ်‌ရေးလေ့လာသုံးသပ်သူများက ခန့်မှန်းနေကြပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က ဧရာဝတီတိုင်းဘက်ကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတာ ရှိပေမယ့်လည်း အဲဒါက စစ်‌ရေး မဟာဗျူဟာအရ လှည့်ကွက်တစ်ခုဖြစ်ပြီး အာရက္ခတပ်တော်က ကုလားတန်မြစ် ဘက်စုံသုံး စီမံကိန်းရဲ့ တစ်စိတ်တပိုင်းဖြစ်တဲ့ ပလက်ဝကို သိမ်းပိုက်ထားပြီ ဖြစ်တာကြောင့် ကျန်နေတဲ့ စစ်တွေမြို့ကိုလည်း သိမ်းလာနိုင်မှာ ဖြစ်ပါတယ်။

ပြီးတော့ တရုတ်နဲ့ အားပြိုင်ဖို့ဆိုရင် အိန္ဒိယရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ကုလားတန်ဘက်စုံသုံး စီမံကိန်းရှိတဲ့ စစ်တွေမြို့ကို အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်မှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“အခုကတော့ လှုပ်ရှားမှုကတော့ ကြည့်ရတာ ဂွပြီးလို့ရှိရင် ဧရာဝတီတိုင်းဘက် ဆင်းဖို့အတွက် အယောင်ပြ လှုပ်ရှားနေတာ တွေ့ပါတယ်။ ဘာကြောင့်လဲ ဧရာဝတီတိုင်း ခုခံရေး တပ်ပေါင်းစု မြေအောက်မှာ ဖွဲ့စည်းထားတာ အခု တရားဝင် ဖွဲ့စည်းကြောင်း ထုတ်ပြန်တယ်။ အဲဒါက AA ရဲ့ ဧရာဝတီတိုင်းထဲကို ဝင်ရောက်ဖို့အတွက် ကြိုတင်ပြင်ဆင်တဲ့ လှုပ်ရှားမှုလို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီလို လှုပ်ရှားနေတဲ့အတွက် အဓိကအားဖြင့် အယောင်ပြ လှုပ်ရှားမှုပဲဖြစ်ပြီး စစ်တွေကို အရင် သိမ်းလိမ့်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် တရုတ်နဲ့ အားပြိုင်နေရတဲ့ အိန္ဒိယအနေနဲ့ ပြောရရင် ကုလားတန်စီမံကိန်းက အရေးကြီးပါတယ်။ ကုလားတန်စီမံကိန်းကို တိုက်ဖို့ဆိုလို့ရှိရင် ကျနော်တို့ အဓိကအားဖြင့် ကုလားတန်စီမံကိန်းက လွှမ်းမိုးနေတဲ့ ပလက်ဝ လမ်းကြောင်းတစ်ခုလုံး AA က ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။ စစ်တွေပဲ ကျန်တော့တယ်။ စစ်တွေသိမ်းလိုက်ပြီဆိုလို့ရှိရင်တော့ ကုလားတန်စီမံကိန်း ပြန်အကောင်အထည်ဖော်ဖို့ အိန္ဒိယအနေနဲ့ လှုပ်သာရှားသာတဲ့ အခြေအနေ ရောက်ရှိလာမှာပါ။ ဒါ့ကြောင့်မို့ ရေကြောင်းစစ်ကြောင်းတစ်ခုက ကျနော်တို့ ရက္ခိုင်ဒေသထဲက ကျနော်တို့ ဘယ်ကို တိုက်မလဲလို့ စဉ်းစားတဲ့အခါမှာ ရက္ခိုင်ရဲ့ ရက္ခိတလမ်းစဉ်အရ ကျနော်တို့ စစ်ကောင်စီ ကင်းစင်ရေးက ဦးစားပေး ဖြစ်ပါတယ်။ စစ်ကောင်စီ ကင်းစင်ရေးကလည်း အခု နောက်ဆုံးအဆင့် စစ်ကြောင်းက စစ်တွေပါ။ ဒါကြောင့် ဧရာဝတီမြစ်ဝှမ်းထဲ ဝင်ရောက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ တကယ်တမ်း စစ်တွေကို အပိုင်သိမ်းဖို့ ကြိုးစားလိမ့်မယ်လို့ ယူဆမိတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့က အိန္ဒိယရဲ့ စီမံကိန်း ရှိသလို ရက္ခိုင်ပြည်ရဲ့ မြို့တော်လည်း ဖြစ်တာကြောင့် အာရက္ခတပ်တော်အနေနဲ့ ထိုးစစ်ဆင် သိမ်းပိုက်လိမ့်မယ်လို့လည်း နိုင်ငံရေး လေ့လာတဲ့သူတွေက ထောက်ပြကြပါတယ်။

ရက္ခိုင်ပြည် တခုလုံးကို လွတ်လပ်ရေး ကြေညာတဲ့အခါမှာ အဓိက မြို့တော်ဖြစ်တဲ့ စစ်တွေကို သိမ်းပိုက်နိုင်ဖို့ လိုအပ်တယ်ဆိုပြီးတော့ နိုင်ငံရေး လေ့လာသူ ဦးကြီးမြင့်က ပြောပါတယ်။

“စစ်တွေကိုတော့ သူတို့ နောက်ဆုံးတော့ အစသိမ်းမှာပဲ။ ကျောက်ဖြူကတော့ ခဏထားမယ်ထင်ပါတယ်။ ဝိုင်းထားပြီး။ ဘာလို့လဲဆိုတော့ တရုတ်က ရှိတာကိုး။ စစ်တွေကိုတော့ သူတို့ မြို့တော်ကျမှ ရက္ခိုင်တိုင်းကို သူတို့ ရမှာကိုး။ ကျောက်ဖြူတော့ ကျန်ရစ်ခဲ့တာ အကြောင်းမဟုတ်ဘူး။ စစ်တွေကျမှ တကယ်တော့ ရက္ခိုင်ပြည်နယ်က လွတ်မြောက်တဲ့ ကြေညာတဲ့အခါကျလို့ရှိရင် ဥပမာ ဆရာတို့ဆိုလို့ရှိရင် နေပြည်တော်ကို ရပြီဆိုရင် ပြီးပြီလေ။ တိုင်းပြည်လွတ်လပ်တယ်လို့ သူတို့ပြောတာပဲလေ အဲဒီသဘောမျိုးပေါ့။ စစ်တွေရမှာ ဖြစ်မှာကိုး။ စစ်တွေကိုတော့ ယူလိမ့်မယ်။ ဒါ့ကြောင့်လည်း သူတို့ ထွက်ပြေးကြပြီလေ။ စပြီး ပြေးနေကြပြီလေ စစ်တွေကနေပြီးတော့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာလည်း စစ်တွေကို အာရက္ခတပ်တော်က ထိုးစစ်ဆင်လာနိုင်တဲ့အတွက် စစ်တွေမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မိသားစုတွေကို ပြောင်းရွှေဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း ဒေသခံတွေထံကနေ သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ဂွမြို့ကို မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေသလို တရုတ်ရဲ့ စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့ကိုလည်း ဝိုင်းထားတယ်လို့ သိရပါတယ်။

အခုဆိုရင် အာရက္ခတပ်တော်က ရက္ခိုင်ပြည်ရဲ့ မြို့နယ် ၁၃ ခုကို အလုံးစုံ သိမ်းပိုက်ထားပြီးပြီ ဖြစ်ပါတယ်။

Related posts

သံတွဲတွင် မြေမြှုပ်မိုင်းကြောင့် ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်

Rakhita Times

မြောက်ဦးဆေးရုံဖြစ်စဉ်တွင် ဒဏ်ရာရလူနာတွေကို ကူညီပေးခဲ့တဲ့ အဖွဲ့အစည်းကို အလှူငွေ သိန်းတရာ ပေးအပ်

Rakhita Times

စစ်တွေမြို့ပေါ်မှာ စကမတပ်သား မရှိသလောက် နည်းသွား

Rakhita Times

7 comments

ab-resurs ဇန်နဝါရီ 11, 2026 at 9:19 မနက်

Тяговые аккумуляторные https://ab-resurs.ru батареи для складской техники: погрузчики, ричтраки, электротележки, штабелеры. Новые АКБ с гарантией, помощь в подборе, совместимость с популярными моделями, доставка и сервисное сопровождение.

Reply
uakino-212 ဇန်နဝါရီ 11, 2026 at 10:29 ညနေ Reply
GeorgeEndof ဇန်နဝါရီ 15, 2026 at 10:54 မနက်

Экспертный маркет купить аккаунт для рекламы предлагает доступ подобрать учетки для бизнеса. Когда вы планируете купить Facebook-аккаунты, чаще всего важен не «просто доступе», а в качестве фарма: отсутствие вылетов на селфи, зеленые плашки в Ads Manager и прогретые FanPage. Мы оформили понятную навигацию, чтобы вы без лишних вопросов понимали какой тип аккаунта брать до оплаты.Быстрый ориентир: начните с разделы Фарм (King), а для масштабирования — идите напрямую в разделы под залив: BM 250$. Важно: покупка — это только вход. Дальше решает подход к запуску: как вяжется карта, как вы передаете лички без риска банов, как реагируете на полиси и как масштабируете адсеты. Особенность этого шопа — заключается в наличие огромной вики-энциклопедии FB, в которой опубликованы практичные мануалы по проходу ЗРД. Мы сориентируем, каким образом аккуратно привязать карту, чтобы вы не словили Risk Payment а также дольше жили в аукционе . Переходите в сообщество, читайте полезные кейсы по заливу, стройте систему и в итоге улучшайте конверт вместе с нами уже сегодня. Дисклеймер: действуйте в рамках закона и с учетом правил Meta.

Reply
i-tec ဇန်နဝါရီ 16, 2026 at 2:27 ညနေ

Мультимедийный интегратор itec интеграция мультимедийных систем под ключ для офисов и объектов. Проектирование, поставка, монтаж и настройка аудио-видео, видеостен, LED, переговорных и конференц-залов. Гарантия и сервис.

Reply
Anya153El ဇန်နဝါရီ 20, 2026 at 1:02 ညနေ

Hello pals!
I came across a 153 interesting site that I think you should browse.
This site is packed with a lot of useful information that you might find helpful.
It has everything you could possibly need, so be sure to give it a visit!
https://boisefoundry.com/advantages-of-using-22bet-apps/

And don’t forget, guys, — one constantly may in the publication discover solutions to address the most the very confusing queries. Our team made an effort — explain all of the information in the most most understandable method.

Reply
Anya153El ဇန်နဝါရီ 22, 2026 at 5:48 ညနေ

Hello everyone!
I came across a 153 great page that I think you should check out.
This resource is packed with a lot of useful information that you might find helpful.
It has everything you could possibly need, so be sure to give it a visit!
https://tellingdad.com/learn-the-fibonacci-strategy-in-football-betting/

Furthermore remember not to overlook, folks, which you at all times are able to within the publication discover solutions to address your the very confusing inquiries. The authors made an effort — lay out all data via the most very easy-to-grasp manner.

Reply
Philipgrous ဇန်နဝါရီ 23, 2026 at 6:43 မနက်

Нужен проектор? https://projector24.ru большой выбор моделей для дома, офиса и бизнеса. Проекторы для кино, презентаций и обучения, официальная гарантия, консультации специалистов, гарантия качества и удобные условия покупки.

Reply

Leave a Comment