NewsPolitic

ရန်ကုန် – ပုသိမ်လမ်းပိုင်းမှာ ၅/ နဲ့ ၁၁/ တွေကို အစစ်အဆေး တင်းကြပ်နေ

အာရက္ခတိုင်းမ်စ် (၇ ဇန်နဝါရီ ၂၀၂၅)

ရန်ကုန် – ပုသိမ် အမြန်လမ်းမမှာ ၁၁/ မှတ်ပုံတင်ကိုင်ထားတဲ့ ရက္ခိုင်ဒေသခံတွေနဲ့  ၅/ မှတ်ပုံတင်ကိုင်ထားတဲ့ စစ်ကိုင်းတိုင်း ဒေသခံတွေကို အစစ်အဆေး တင်းကြပ်နေတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲဟာ ရက္ခိုင်ပြည်သာမက လက်ရှိမှာ ဧရာဝတီတိုင်းက ငသိုင်းချောင်း၊ သာပေါင်း စတဲ့ မြို့တွေအထိ ကူးစက်လာနေတာကြောင့်လို့ ဒေသခံတွေက ပြောပါတယ်။

၅/နဲ့ ၁၁/ မှတ်ပုံတင်ကိုင်ထားတဲ့ ရက္ခိုင်နဲ့ စစ်ကိုင်းတိုင်းက ဒေသခံတွေကို ပုသိမ် – ရန်ကုန် ကားလက်မှတ်တွေ မရောင်းချကြဖို့ နုတ်မိန့်နဲ့  ညွှန်ကြားထားတဲ့အကြောင်း၊ ကားပေါ်မှာ ၅/ နဲ့ ၁၁/ မှတ်ပုံတင် ကိုင်ထားတဲ့သူတွေကို တင်ဆောင်လာတာ တွေ့ရှိရင် ကားပါ အသိမ်းခံရမှာဖြစ်တယ်ဆိုပြီး လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ပုသိမ် – ရန်ကုန် လက်မှတ်တွေကို ၅/ နဲ့ ၁၁/ တွေကို မရောင်းရဘူးလို့ ညွှန်ကြားထားတာ မရှိပေမယ့် စစ်ဆေးရေးဂိတ်တွေမှာ သူတို့ကို ပိုပြီးတော့ စစ်ဆေးတာ တင်းကြပ်တယ်ဆိုပြီး ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လက်မှတ်ရောင်းချနေသူတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ လက်တွေ့မြေပြင်မှာတော့ လက်မှတ်ရောင်းတဲ့အချိန်မှာ နာမည်ပြော၊ မှတ်ပုံတင်နံပါတ်ပြော၊ မှတ်ပုံတင် ကြိုက်တဲ့နံပါတ် ပြောလည်းရတယ်၊ ပြစရာတောင် မလိုဘူး။ အဲဒီလိုမျိုးတွေ ရှိတယ်။ ရောင်းပေးပါတယ်။ မရောင်းရလို့ဆိုပြီးတော့ ညွှန်ကြားချက်တော့ မရှိပါဘူး။ လက်တွေ့သဘောမှာ ပန်တိုင်ဆိုတဲ့ စစ်ဆေးရေးဂိတ်မှာကျရင် စစ်တယ်။ အဲဒီအခါကျမှ ၅/ တို့ ၁၁/ တို့ အဲဒါတို့ကိုသာ ပိုပြီးတော့ တင်းကြပ်တဲ့ စစ်ဆေးမှုလုပ်တာ ဖြစ်ပါတယ်။ မရောင်းရဆိုတာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်နေတဲ့ သာပေါင်းမြို့ဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းမှာ ရှိပြီးတော့ သာပေါင်းမြို့ထဲကို အာရက္ခတပ်တော်တွေ ဝင်ရောက်နိုင်ရင် ပုသိမ်မြို့ကို စစ်ရေးအရ ခြိမ်းခြောက်လာနိုင်မှာ ဖြစ်တယ်လို့ နိုင်ငံရေးနဲ့ စစ်ရေး လေ့လာတဲ့သူတွေက သုံးသပ်နေကြပါတယ်။

လက်ရှိမှာ ပုသိမ် – ရန်ကုန်ကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေအနေနဲ့ ပုံမှန်အတိုင်း ပြေးဆွဲနေတယ်လို့ ပုသိမ်ဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ ပုံမှန်အတိုင်းပဲ သွားနေတယ်။ ဒီမှာ လိုင်းပေါင်း အများကြီးရှိတယ်။ စုပေါင်း Taxi တွေလည်း ရှိတယ်။ မိုက်ခရို Bus တွေလည်း ရှိတယ်။ မီနီ Bus တွေလည်း ရှိတယ်။ Express တွေလည်း ရှိတယ်။ မျိုးစုံပဲ သွားနေကြပါတယ်။ လမ်းခရီးမှာ ပန်တိုင်ဆိုတဲ့ စစ်ဆေးရေးဂိတ် ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအစပ် အဲဒီမှာပဲ စစ်ပါတယ်။ နောက်တစ်ခါ အဲဒါနဲ့ မလှမ်းမကမ်းမှာ X. Ray ဂိတ်ဆိုတာ ရှိတယ်။ ၂ ဂိတ် ရှိတာပေါ့။ အဲဒီ X. Ray ဂိတ်မှာတော့ တပ်စစ်ကြောင်းက စစ်တာမျိုးတွေတော့ ရှိတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ၁၁/ မှတ်ပုံတင်ကိုင်ထားတဲ့ ရက္ခိုင်ဒေသခံတော်တော်များများက ရန်ကုန်မြို့မှာ စစ်ဆေးခံကြရတာတွေ၊ ဖမ်းဆီးခံရတာတွေနဲ့ လေယာဉ်နဲ့ ကားလက်မှတ် ဝယ်တဲ့အခါမှာလည်း အလွယ်တကူ ဝယ်လို့မရတာတွေလည်း ဖြစ်နေကြပါတယ်။

Related posts

အာဏာသိမ်းမှုကာလအတွင်း ရက္ခိုင်ကို အများဆုံး ဗုံးကြဲခဲ့

Rakhita Times

တိုင်းဒေသကြီးလွှတ်တော် (သို့) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရက္ခိုင်ပြည်က ၂၁ ဦး ‌ ရွေးချယ်ခံရ

Rakhita Times

နေပြည်တော်၊ မန္တလေးနဲ့ ပဲခူးတို့မှာ ယနေ့ ငလျင်အသင့်အတင့် ၆ ကြိမ်လှုပ်ခတ်

Rakhita Times

6 comments

studiya-dizayna-568 ဒီဇင်ဘာ 28, 2025 at 7:33 မနက် Reply
elon-casino-146 ဒီဇင်ဘာ 28, 2025 at 12:14 ညနေ

Play at https://elon-casino-top.com online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.

Reply
elon-casino-835 ဒီဇင်ဘာ 28, 2025 at 12:15 ညနေ

Play online at https://elonbet-casino-game.com: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.

Reply
elon-casino-774 ဒီဇင်ဘာ 28, 2025 at 12:41 ညနေ

Play at https://elon-casino-top.com online: slots from popular providers, live dealers, promotions, and tournaments. Learn about the bonus policy, wagering requirements, payment methods, and withdrawal times. Information for adult players. 18+. Gambling requires supervision.

Reply
elon-casino-522 ဒီဇင်ဘာ 28, 2025 at 12:42 ညနေ

Play online at https://elonbet-casino-game.com: slots, live casino, and special offers. We explain the rules, limits, verification, and payments to avoid any surprises. This material is for informational purposes only.

Reply
avigroup ဒီဇင်ဘာ 30, 2025 at 5:04 မနက်

Нужен трафик и лиды? авигрупп казань SEO-оптимизация, продвижение сайтов и реклама в Яндекс Директ: приводим целевой трафик и заявки. Аудит, семантика, контент, техническое SEO, настройка и ведение рекламы. Работаем на результат — рост лидов, продаж и позиций.

Reply

Leave a Comment