NewsPolitic

အမ်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ဦးကို CDF-Asho ဖမ်းဆီးရရှိ

အာရက္ခတိုင်းမ်စ် (၆ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၁၁ဦး နဲ့ လက်နက်ငယ် ၉ လက် ဖမ်းဆီး ရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (Chin Defence Force – Asho) က မနေ့က (၅ ဇန်နဝါရီ) ထုတ်ပြန်ခဲ့ပါတယ်။

ရက္ခိုင်ပြည် အမ်းမြို့နယ်ဘက်က ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ပိတ်ဆို့တားဆီးရာ ၃ရက် နဲ့ ၄ရက် ၂ရက်အတွင်း စစ်သုံ့ပန်း ၁၁ ဦး နဲ့ လက်နက်ငယ် ၉ လက် ဖမ်းဆီး သိမ်းပိုက်ခဲ့တယ်” လို့ ချင်းကာကွယ်ရေးတပ် – အရှို က ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရက္ခိုင်ပြည် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာ နဲ့ တောင်ဇောက်ကျေးရွာ အနီးက စခန်းတွေက ထွက်ပြေးလာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှို အနေနဲ့ မကွေးတိုင်း ငဖဲမြို့နယ်ရှိ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံကနေပြီး ပဒါန်း-ငဖဲ-စေတုတ္တရာကာလမ်းအတိုင်း စေတုတ္တရာဖက်သို့ ထွက်ခွာလာတဲ့ စစ်ကောင်စီအင်အား ၅၀ ခန့်ပါတဲ့ ကား နှစ်စီးကို ငဖဲမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် မင်းဘူးခရိုင် အမှတ် (၈) တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ပူးပေါင်းပြီး တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာရသွားတယ်လို့လည်း သိရပါတယ်။

ချင်းကာကွယ်ရေးတပ် – အရှိုဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာမှာလည်း ရက္ခိုင်ပြည် အမ်းမြို့နယ်အတွင်းက ထွက်ပြေးလွတ်မြောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ထို့အတူ ဒီဇင်ဘာ ၂၅၊ ၂၆၊ ၂၇ရက်နေ့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ဟာလည်း ချင်းကာကွယ်ရေးတပ် – အရှိုဆီမှာ လက်နက်အပ်ကာ အလင်းဝင်ခဲ့ကြပါတယ်။

Related posts

ဒေါက်တာအေးမောင်ကို မင်းအောင်လှိုင်က နိုင်ငံတော်အတိုင်ပင်ခံကောင်စီတွေ ရာထူးပေးထားလို့ သတင်းထွက်နေ

Rakhita Times

ငြိမ်းချမ်းအောင်ဆောင်ရွက်နိုင်ဖို့အတွက် အားသွန်ခွန်စိုက်ဆွေးနွေးဖို့ ရောကနေတာလို့ ဒေါ်စောမြရာဇာလင်းပြော

Rakhita Times

မိုးတွင်းမှာ ထင်း အခုထက် ပိုရှားလာမှာကို စစ်တွေဒေသခံတွေ စိုးရိမ်

Rakhita Times

1,192 comments

Leave a Comment