NewsPolitic

စစ်ကျန်လက်နက် ဆော့မိလို့ ကလေးငယ်တစ်ဦးသေဆုံး

အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် ဂွမြို့နယ် ကမ်းသာယာကမ်းခြေအနီးရှိ ကင်းပုံရွာတွင် စစ်ကျန်လက်နက်ကို ဆော့မိလို့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ အဆိုပါ သေဆုံးသူအရေး ကူညီပေးနေသူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“သေသွားတဲ့ ကလေးလေးရဲ့အဖေက တောထဲမှာ လက်ပစ်ဗုံးလား မြေမြှုပ်မိုင်းလား သူလည်း သေချာမသိဘူး။ အဲဒါကိုတွေ့တော့ သက်ဆိုင်ရာကို အပ်ဖို့ အိမ်သယ်လာခဲ့တယ်။ သူက အဲပစ္စည်းကို ချထားပြီး ရေနွေးတည်နေတာမှာ သူ့သားက ယူဆော့တာ။ အဲဒါနဲ့ ပေါက်ကွဲပြီး ကလေးက ဆုံးသွားတယ်” လို့ လေးဝတီ(သံတွဲ)စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကျန်လက်နက်ကို ယူဆော့လို့ သေဆုံးသွားသော ကလေးငယ်မှာ အသက် ၄ နှစ်အရွယ် မောင်ချမ်းငြိမ်းသော် ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီမှ စစ်ရေးရှုံးနိမ့်သဖြင့် ဆုတ်ခွာသွားချိန်တွင် ဂွခရိုင်အတွင်းတွင် မြေမြှုပ်မိုင်း အများအပြား မြှုပ်နှံခဲ့ပြီး ကျိန္တလီမြို့နယ်တွင် သူ့တို့ကိုယ်တိုင် မြှုပ်နှံထားတဲ့လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းများတွင် သက်တမ်းကုန်ဆုံးရက်မရှိပါ။ ထိုလက်နက်အစ္စည်းများ ပေါက်ကွဲမှုကြောင့် ခြေလက်တို့ ဆုံးရှုံးခြင်း၊ နား၊ မျက်စိများ ကန်းသွားနိုင်ခြင်းနဲ့ ဒဏ်ရာအလွန်ပြင်းထန်ပါက အသက်သေဆုံးခြင်းအထိပါ ဖြစ်နိုင်တယ်လို့ unicef က အသိပေးထားပါတယ်။

ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ အချိန်မခါမရွေး ပေါက်ကွဲဖို့အတွက် အဆင်သင့်ဖြစ်နေတာမို့ မိမိ မသိ၊ မမှတ်မိနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို တွေ့ရှိပါက မချဉ်းကပ်ပါနဲ့။ မထိပါနဲ့။ မကိုင်ပါနဲ့။ နေရာမရွှေ့ပါနဲ့။ မီးမရှို့ပါနဲ့။ တစ်ခုခုနဲ့ ထုရိုက်တာမျိုး၊ ပစ်ပေါက်တာမျိုးလည်း လုံးဝမပြုလုပ်ပါနဲ့။ တွေ့ရှိပါက နီးစပ်ရာ တာဝန်ရှိသူများထံ အကြောင်းကြားပါ။ လို့လည်း unicef က တိုက်တွန်းထားပါတယ်။

Related posts

မင်းပြားမြို့နယ် ပန်းမြောင်းကြီးချောင်းတလျောက် ရေကြီးနေ

Rakhita Times

စကမက ကျန်ဒေသတွေထက် ရှမ်းမြောက်ကိုပဲ အဓိကအာရုံစိုက်နေ

Rakhita Times

နတ်ရေကန်ကို စကမ တောင်ခမ်းနဲ့ နှိုင်းယှဉ်ပြောဆို

Rakhita Times

Leave a Comment