NewsPolitic

ပုသိမ်တွင် Helicopter ဆင်းသက်နိုင်ရန် စစ်ကောင်စီ ၉ ကွင်း တည်ဆောက်နေ

အာရက္ခတိုင်းမ်စ် (၁၈ ဇန်နဝါရီ ၂၀၂၅)

ဧရာဝတီတိုင်း ပုသိမ်ခရိုင်အတွင်းတွင် Helicopter ဆင်းသက်နိုင်ရန်အတွက် ၉ ကွင်းအထိ တည်ဆောက် ပြုပြင်နေတယ်လို့ ပုသိမ်မြို့ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရွာသစ်ကျေးရွာအုပ်စုအပိုင် ထန်းကုန်းအနောက်ခြမ်း ဇီးကုန်းကြားမှာ တစ်ကွင်း၊ ကွင်းယားကုန်းအနီး လစရ (၁၀) သိမ်စမ်းဘုန်းကြီးကျောင်း အရှေ့ဘောလုံးကွင်းမှာ တစ်ကွင်း ဆောက်လုပ်နေတယ်” လို့ သူက ဆိုပါတယ်။

အဆိုပါ လစရ (၁၀) သိမ်စမ်းဘုန်းကြီးကျောင်း အရှေ့ဘောလုံးကွင်းကို ၁၉၈၈ ခုနှစ်ကလည်း Helicopter ဆင်းသက်ခဲ့ပြီး ယခုအခါ အဟောင်းတွေကိုလည်း ပြန်လည် ဆင်းသက်နိုင်ရန် ပြန်လည် ပြုပြင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“သူတို့က ကွင်းဆောက်နေတော့ ထန်းကုန်းနဲ့ ရွာသစ်အနောက်ဘက်ခြမ်း လမ်းတွေကို ဒေသခံတွေကို သွားခွင့်မပြုဘူး” လို့ အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းကစတင်ကာ ပုသိမ်ခရိုင်အတွင်းတွင် အာရက္ခတပ်တော်၊ မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်အချို့ နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ယခုကဲ့သို့ Helicopter ဆင်းသက်နိုင်ရန် တည်ဆောက် ပြုပြင်နေခြင်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ်ခွဲတကြောရှိ ကျေးရွာများတွင် တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် သပေါ့ကန်၊ အုန်းချောင်း နဲ့ ရွှေသောင်ယံရပ်ကွက် စတဲ့နေရာတွေကို ပြောင်းရွှေ့ တိမ်းရှောင်နေတယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်မှာ ဘိန်းစာရွက် လက်ဝယ်တွေ့ရှိပါက ထောင် ၅ နှစ် ချမှတ်မည်

Rakhita Times

စစ်တွေကို ရေတပ်အင်အား သင်္ဘော ၄ စီး ခန့် စစ်ကောင်စီ ထပ်ပို့

Rakhita Times

စစ်တွေက ရဲတပ်သား ၂၀၀ ကျော်ကို စကမ ပြောင်းရွှေ့

Rakhita Times

23 comments

Leave a Comment