BusinessHealthNewsPolitic

ရက္ခိုင်က ကိုယ်ဝန်ဆောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါး မလုံလောက်မှုကြောင့် ပူပန်နေရ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် ( ၂၇ ဇန်နဝါရီ ၂၀၂၅ )

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေက ကိုယ်ဝန်ဆောင်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါးမလုံလောက်မှုတွေကြောင့် စိုးရိမ်ပူပန်နေကြရတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မိမိတို့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကလေးမီးဖွားဖို့အတွက်သာမက စားဝတ်နေရေးအတွက်ပါ ပူပန်နေရတယ်လို့ ရက္ခိုင်ပြည်လွတ်မြောက်နယ်မြေတွေက ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက ပြောပါတယ်။

ကျမတို့က လိုအပ်ချက်ကတော့ အရာရာကိုတော့ မျှော်လင့်ချက်ထားတာ မဟုတ်ပါ။ ဆန်တစ်ခုကို ရရင်တော့ ကျမတို့က ကျေနပ်ပါတယ် စားဖို့သောက်ဖို့ က အဆင်မပြေ အခုလည်း ထမင်းလည်း မချက်ရသေးပါဘူး ညကလည်း ထမင်းလည်း မစားရ စားရတာကလည်း ချက်တဲ့လူလာပေးလို့တော့ စားရပါတယ် နို့ကတော့ တအား ကြီးမထွက်သေးပါ နို့မှုန့် ကူရသေးတယ်” လို့ ပြောပါတယ်။

ရက္ခိုင်ပြည်မှာတော့ အာရက္ခတပ်တော် နဲ့ စစ်ကောင်စီအကြား တစ်ကျော့ပြန်တိုက်ပွဲဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က ပြန်လည်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဟာ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို တင်းသွင်းခွင့် ပိတ်ဆို့ထားခဲ့ပါတယ်။

ဒါကြောင့် ဆေးဝါး၊ ကုန်စည်ပြတ်လပ်မှုနှင့်အတူ ကိုယ်ဝန်ဆောင်မိခင် ရာနဲ့ချီမှာ ကလေးမီးဖွားဖို့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ အားတိုးဆေးမသောက်ရတာတွေနဲ့ အာဟာရပြည့်ပြည့်ဝဝ မစားသောက်ရတာတွေကြောင့် ကလေးမွေးဖွားဖို့ အခက်အခဲတွေရှိနေတယ်လို့  လေးဝတီ(သံတွဲ)စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုဖြိုးမောင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်အားတိုးဆေး မသောက်ရတာတွေ အာဟာရပြည့်ပြည့်ဝဝ မစားသောက်ရတာတွေ ကြောင့်မို့လို့ ကလေးမွေးဖွားတဲ့ခါမျိုးတွေမှာ အခက်အခဲတွေရှိကြပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ကိုယ်ဝန်ဆောင်တွေကို စားနပ်ရိက္ခာ တစ်ခုလောက်ပဲ ထောက်ပံ့ ပေးနိုင်ပါတယ် အဓိကကတော့ ဆန်တစ်ခုပဲ ကျနော်တို့ကထောက်ပံ့ပေးပါတယ်။ နောက်ပြီးတော့ ကိုယ်ဝန်ဆောင် တစ်ဦးကို ငါးသောင်းကျပ် စီကျနော်တို့လှူဒါန်းပေးတာတော့ ရှိပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက်အဓိက လိုအပ်ချက်ကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပဲဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးကို လုံလုံလောက်လောက် မထောက်ပံ့ပေးနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်ရပါတယ်” လို့ ပြောပါတယ်။

လေးဝတီသံတွဲစစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးအဖွဲ့အနေနဲ့ ကိုယ်ဝန်ဆောင် တစ်ဦးကို လစဉ်ငါးသောင်းကျပ် ထောက်ပံ့ ပေးနေတယ်လို့ ကိုဖြိုးမောင်က ပြောပါတယ်။

အလားတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း ရက္ခိုင်ပြည်ရှိ ကလေးမီးဖွားပြီးတဲ့ မိခင်တွေဟာ အာဟာရချို့တဲ့မှုဒဏ်ကြောင့် နို့မထွက်နိုင်တဲ့အတွက် လသားအရွယ်ကလေးတွေကို နို့ဆီပဲ ဖျော်တိုက်နေရတာလည်းရှိခဲ့ပါတယ်။

လက်ရှိ သံတွဲမြို့က တိုက်ပွဲရှောင် ၆ သောင်းကျော်မှာ ကိုယ်ဝန်ဆောင်သည်တွေကလည်း ရာနဲ့ချီရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး အပြင် ဆောင်းရာသီဖြစ်တဲ့အ တွက် စောင် နဲ့ အနွေးထည်တွေ လိုအပ်နေတယ်လို့လည်း သိရပါတယ်။

ကလေးမွေးဖွားဖို့ ကြိုတင်ပြင်ဆင်နေပေမယ့် အဆင်မပြေမှုတွေရှိနေတာကြောင့် ကြုံရာကျပန်း မွေးဖွားဖို့စဉ်းစားထားတယ်လို့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အဓိက လိုအပ်ချက်ကတော့ ဆန်၊ စားနပ်ရိက္ခာလေးတွေ ပြီးတော့ စောင့်တွေ အနွေးထည်လေးတွေက အဓိက လိုအပ်မှု ရှိနေပါတယ်။ ဆောင်းရာသီဆိုတော့ ဆေးဝါးလည်း အဓိက လိုအပ်နေပါတယ်။ ကလေးတွေလည်း မကျန်းမမာရေးနဲ့ ပတ်သက်လာရင် ဆေးတစ်လုံး မြိုဖို့ကလည်း အဆင်မပြေကြပါ။ ဆေးဝါးတွေက အဓိက လိုအပ်နေပါတယ်။ ကလေးမွေးဖို့အတွက် ကြိုတင်ပြင်ဆင်မှုကတော့ အဆင်မပြေတဲ့အခါကြတော့ ဒီလိုပဲ ကြုံရာကျပန်း အဲဒီလိုပဲ တွေးထားပါတယ်။  ကြိုတင်စီစဉ်ထားတာမျိုးတော့ မရှိပါဘူး” လို့ ပြောပါတယ်။

လက်ရှိရက္ခိုင်ပြည်အတွင်းက တိုက်ပွဲရှောင်ကိုယ်ဝန်ဆောင်အများစုဟာ ဆေးရုံ၊ ဆေးခန်း လိုအပ်ချက်တွေကြောင့် လက်သည်တွေနဲ့ပဲ အဓိက ထားမွေးဖွားနေရတယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရက္ခိုင်ပြည်က မြို့နယ်၁၇မြို့နယ်အနက် ၁၄ မြို့နယ်ကိုသိမ်းပိုက်ထားပါတယ်။

တဖတ်မှာလည်း စစ်ကောင်စီဟာ ရက္ခိုင်ပြည်ကို ကုန်း၊ ရေ၊ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထား တာကြောင့် တိုက်ပွဲရှောင်ပြည်သူတွေ ဆေးဝါး စားသောက်ကုန် အခက်ခဲ တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Related posts

စပါးရိတ်စက်တွေကို စစ်ကောင်စီဂိတ်တွေက ပိုက်ဆံတောင်းနေ

Rakhita Times

စစ်တွေတွင် အမျိုးသမီး ၁ ဦး အပါ ဒေသခံ ၃ ဦး စစ်ကောင်စီ ဖမ်းဆီး

Rakhita Times

စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရခိုင်တိုင်းရင်းသားများပါတီက လျှောက်ထား

Rakhita Times

1 comment

Leave a Comment