NewsPolitic

ကျိန္တလီကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲလို့ ကလေးငယ် ၁ဦး အပါ ၂ ဦး သေဆုံး ၄ ဦး ဒဏ်ရာရ

(Update News)

အာရက္ခတိုင်းမ်စ် (၁၃ ဖေဖော်ဝါရီ ၂၀၂၅)

ရက္ခိုင်ပြည် ကျိန္တလီမြို့ကို ဒီနေ့ နေ့လည် ၁၂ နာရီလောက် ဂျက်ဖိုက်တာနဲ့ လာရောက်ဗုံးကြဲခဲ့လို့ ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“မိန်းမတစ်ယောက် နဲ့ ကလေးတစ်ယောက် ဆုံးသွားတယ်။ အမှတ် (၃) သဖန်းကွင်း ကို လာရောက် ပစ်တာပါ” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာက ဗုံးကြဲလို့ သေဆုံးသူများမှာ အသက် ၃ နှစ်အရွယ် မောင်ဖြူလေး နဲ့ အသက် ၄၀ အရွယ် ဒေါ်လှအေးတို့ဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၃၅ နှစ်အရွယ် ကိုလှတင်၊ အသက် ၃၇ နှစ်အရွယ် ကိုမြင့်နိုင်၊ အသက် ၄၅ နှစ်အရွယ် ဒေါ်ညွန့်ညွန့်စန်းနဲ့ အသက် ၆၃ နှစ်အရွယ် ဦးတင်သိန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ပြည်ထောင်စုနေ့ဖြစ်တဲ့ မနေ့ကလည်း ကျိန္တလီမြို့ကို စစ်ကောင်စီက ဗုံးလာကြဲသဖြင့် တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။

စစ်ကောင်စီဟာ ဂွမြို့နယ်အတွင်းရှိ ကံ့ကော်တောင်ကျေးရွာကို ၄ရက်နေ့က တစ်ကြိမ်၊ ကျိန္တလီမြို့ကို ၈ရက်နေ့က တစ်ကြိမ် နဲ့ ဘဝင်ကျေးရွာကို ၁၀ရက်နေ့က တစ်ကြိမ် ဗုံးကြဲခဲ့ပါတယ်။

Related posts

စစ်ဘေးရှောင် အိမ်ထောင်စုတွေအတွက် စောင် နဲ့ အိုးခွက်ပန်းကန်များ လိုအပ်နေ

Rakhita Times

လူထုက အာဏာသိမ်းတာရော စစ်ပွဲတွေကိုရော မဖြစ်စေချင်

Rakhita Times

စပါးတိုက်ရိုက် နယ်ကျော်သယ်ယူခွင့်ကို စစ်ကောင်စီက ပိတ်

Rakhita Times

Leave a Comment