NewsPolitic

စစ်ဘေးရှောင် အိမ်ထောင်စုတွေအတွက် စောင် နဲ့ အိုးခွက်ပန်းကန်များ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၁၅ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ရှောင်တွေအတွက် စောင်နဲ့ အိုးခွက်ပန်းကန်တွေ လိုအပ်နေတယ်လို့ Arakhan Responders for Emergency ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

ရာသီဥတု အအေးဒဏ် ခံနိုင်ဖိုအတွက် Arakhan Responders for Emergency နဲ့ အလှူရှင်အဖွဲ့တွေ ပူးပေါင်းပြီး စောင် ၁ ထောင်ကျော် လှူဒါန်းပေးခဲ့ပေမယ့် အိမ်ထောင်စုအားလုံးနီးပါးကို ပေးဝေနိုင်ခြင်း မရှိဘူးလို့ သူက ပြောပါတယ်။

အဆိုပါ တာဝန်ရှိသူတဦးက “ ဟုတ်ကဲ့။ အခုတလောမှာတော့လေ ရာသီဥတုက လွန်ခဲ့တဲ့ရက်တွေကဆိုရင် အရမ်းအေးခဲ့တယ်။ အရမ်းအေးတယ်ပေါ့နော်။ အဲ့ဒီ အေးတုန်းကဆိုရင် ကျနော်တို့ဘက်က အလှူရှင် အဖွဲ့တဖွဲ့နဲ့ ဆက်သွယ်ပြီး သူတို့ အလှူရှင်ဘက်က စောင် ၁ ထောင်၊ ကျနော်တို့ဘက်က ၂၈၀ ပေါ့နော်။ အဲ့လိုမျိုး ကျနော်တို့ဘက်က ထောက်ပံ့ပေးခဲ့တာ ရှိတယ်။ ဒါပေမယ့် အဲ့ဒီစောင်တွေက အိမ်ထောင်စု ၅ ရာ၊ ၆ ရာကျော်လောက်ပေါ့နော် အဲ့လောက်ပဲ ထောက်ပံ့နိုင်တာ။ ဒါပေမယ့် အိမ်ထောင်စုအနေနဲ့ စဉ်းစားလို့ရှိရင် အိမ်ထောင်စုတစုကို ကျနော်တို့က စောင် ၂ ထည်လောက် ထောက်ပံ့နိုင်တယ်ဆိုပေမယ့် ဒီမှာ လက်ရှိ ရှိနေတာက လူဦးရေ ၂ သောင်းကျော် ဆိုတော့ အိမ်ထောင်စု ၇ ထောင်ကျော်လောက် ရှိတယ်ဆို‌တော့ ထောက်ပံ့ဖို့အတွက်ကတော့ အများကြီး လိုပါသေးတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် ဘေးလွတ်ရာ‌ တိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေအတွက် တကိုယ်ရည်သုံး ပစ္စည်းတွေအပြင် အိုးခွက်ပန်းကန်တွေပါ သယ်လာနိုင်ခြင်း မရှိတာကြောင့် မျှဝေသုံးစွဲနေရတယ်လို့ သိရပါတယ်။

“ တချို့ စစ်ရှောင်တွေဆိုလို့ရှိရင် အဲ့စောင်တွေ ပါမလာဘူး။ သူတို့မှာ ပန်းကန်တို့ အိုးခွက်တို့ ဘာမှ ပါလာတာ မရှိဘူး။ တချို့ စစ်ရှောင်တွေဆိုလို့ရှိရင် အိုးခွက်ပန်းကန်တွေ မျှပြီး သုံးနေရတာ ရှိတယ်။ ဒီဘက် စစ်ရှောင်အိမ်က ထမင်းချက်ပြီးမှ နောက်တဖွဲ့ နောက်အိမ်ထောင်စုက ပြန်ချက်ရတာ ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

လက်ရှိအချိန်မှာ ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးရှောင် ၂၅,၀၀၀ ခန့်၊ ရမ်းဗြဲမြို့နယ်မှာ ကျောက်ဖြူ စစ်‌ဘေးရှောင် ၈၀၀၀ ခန့် နဲ့ တောင်ကုတ်မြို့နယ်မှာတော့ ကျောက်ဖြူ စစ်ဘေးရှောင် ၅၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။

Related posts

အာရက္ခတပ်တော်နေ့ အထိမ်းအမှတ် ကာယဗလမောင် နဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲ ကျင်းပ

Rakhita Times

မြွေပွေးကိုမှ ခါးပိုက်ပိုက်ခဲ့မိတဲ့ ငါ့အဖြစ်

Rakhita Times

တောင်ကုတ်က ပြည်မထွက်လာသူ ၃၀ ကျော် ပြည်တွင် အဖမ်းခံရ

Rakhita Times

2 comments

229mon.anidub.bet ဧပြီ 13, 2026 at 8:20 ညနေ

References:

Steroid street names

References:
https://noticiasenvivo.top/item/445512

Reply
rent yacht montenegro 353 မေ 5, 2026 at 5:39 ညနေ Reply

Leave a Comment