NewsPolitic

စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ ရခိုင်တိုင်းရင်းသားများပါတီက လျှောက်ထား

ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရဖို့ ရွေးကောက်ပွဲကော်မရှင်မှာ လျှောက်ထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ ဖြစ်ခွင့်ရရှိရေး ဝင်ရောက်လျှောက်ထားတာဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပါတီတည်ထောင်ခွင့် အတည်ပြုနိုင်ရေး စိစစ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

အဲဒီပါတီကို ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်က ဦးဆောင်တယ်ဆိုပြီးတော့လည်း ပြောနေကြပါတယ်။

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင် လျှောက်ထားတဲ့ပါတီက လက်ရှိမှာ ၇၀ ကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ဒါမှမဟုတ် ၂၀၂၆ ဇန်နဝါရီလမှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၇ ရက်မှာ ဘယ်လာရုစ်သမ္မတနဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။

ရက္ခိုင်ပြည်မှာဆိုရင် ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ပါဝင်ထားပြီးတော့ လက်ရှိ ရခိုင်တိုင်းရင်းသားများပါတီက ပါဝင်ဖို့အတွက်ကို လျှောက်ထားပါတယ်။

ရခိုင်ပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြပေမယ့် အာရက္ခတပ်တော်က ရက္ခိုင်က မြို့နယ် ၁၇ မြို့နယ်မှာ ၁၄ မြို့ကို ထိန်းချုပ်ထားတာကြောင့် ရက္ခိုင်ဒေသမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲက ဖြစ်နိုင်ခြေ မရှိဘူးလို့လည်း သုံးသပ်နေကြပါတယ်။

Related posts

အာရက္ခတိုင်းမ်စ်သတင်း ပေါ့စ်ကပ်စ် (၇ သြဂုတ် ၂၀၂၅)

Rakhita Times

‌စကမရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရက္ခိုင်ပြည်မပါဝင်

Rakhita Times

ရွေးကောက်ပွဲအောင်မြင်မှ နိုင်ငံအနာဂတ်လှပမယ်လို့ ဒေါက်တာအေးမောင်ပြော

Rakhita Times

Leave a Comment