အာရက္ခတိုင်းမ်စ် (၁၄ ဧပြီ ၂၀၂၅)
ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ဧပြီလ ၁၃ ရက် မနက် ၁၀ နာရီက သက္ကမ (ဒိုင်းနက်) လူမျိုးတို့ရဲ့ ရိုးရာ ပန်းမျှောပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ သက္ကမ (ဒိုင်းနက်) ရိုးရာပန်းမျှောပွဲကို မောင်တောမြို့နယ် ရေနောက်ငါးသားရွာတွင် ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
“စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကြောက်ရလို့ အကျဉ်းချုံးပဲ အဆင်အလာ မပြတ် ကျင်းပတာပါ” လို့ သက္ကမ (ဒိုင်းနက်) ရိုးရာပန်းမျှောပွဲ ကျင်းပရေးကော်မတီတစ်ဦးက ပြောပါတယ်။
သက္ကမ (ဒိုင်းနက်) ရိုးရာပန်းမျှောပွဲကို ၂၀၁၂ ခုနှစ်က စတင်ပြီး မင်းပြားမြို့နယ်တွင် ပထမအကြိမ် ပြုလုပ်ကာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ နှစ်စဉ်ကျင်းပလာခဲ့ဖြစ်တယ်လို့ သိရပါတယ်။
သက္ကမ (ဒိုင်းနက်) ရိုးရာပန်းမျှောပွဲကို နှစ်စဉ် ဧပြီလ သင်္ကြန်မတိုင်မီ တစ်ရက်အလိုတွင် ပြုလုပ်လေ့ရှိပြီး ပန်းအမျိုးမျိုးတို့ကို ငှက်ပျောရွက်တွင် အလှဆင်ပြီး ရေကြည်ရာ ချောင်းကမ်းစပ်သို့ သွားရောက်ကာ ချောင်းစောင့်နတ်၊ မြစ်စောင့်နတ်များကို ရည်စူးပြီး ပန်းမျှောကြခြင်း ဖြစ်ပါတယ်။
ရက္ခိုင်ပြည်တွင် သက္ကမ (ဒိုင်းနက်) လူမျိုးများဟာ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင် နဲ့ မောင်တော စတဲ့ မြို့နယ်များတွင် လူဦးရေ သုံးသောင်း နဲ့ လေးသောင်းကြားအထိ နေထိုင်နေတယ်လို့ သိရပါတယ်။

5 comments
курсовой проект купить цена курсовой проект купить цена .
купить курсовую работу купить курсовую работу .
помощь студентам и школьникам помощь студентам и школьникам .
Casino Pinco предоставляет доступ к современным слотам и популярным играм.
Casino Pinco
Выбирая 7v4.casino, вы получаете надежный доступ к миру онлайн-казино.
https://glassdeep.com/preparing-for-the-tour/