အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၅)
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ဒေသမှာ မွတ်ဆလင်တွေအနေနဲ့ လိုချင်တဲ့ အခွင့်အရေး ရရှိဖို့အတွက် အာရက္ခဒေသအပေါ်နဲ့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လောက်ထိ လက်တွေ့ကျကျ သစ္စာရှိပေးမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။
နိုင်ငံတကာညီလာခံတွေမှာ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသမှာ ရက္ခိုင်နဲ့ မွတ်ဆလင်ကြား လူမျိုးရေးပဋိပက္ခတွေနဲ့ ဘာသာရေးပဋိပက္ခ မရှိတာကို ဘယ်တော့မှ ထုတ်ပြောလေ့ မရှိကြဘဲ လူမျိုးသုန်း သတ်ဖြတ်တယ်ဆိုတဲ့ ပုဒ်မတွေနဲ့ စွပ်စွဲလျက် ရှိနေတာပဲ ဖြစ်ပါတယ်။
အဓိကအားဖြင့် မြန်မာနိုင်ငံမှာ အာရက္ခတပ်တော်သာမက ဘယ်သူပဲ အုပ်ချုပ် အုပ်ချုပ် အဲဒီပုဒ်မနဲ့ပဲ စွပ်စွဲခံကြရတာ ဖြစ်ပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်အနေနဲ့ မွတ်ဆလင်အသိုင်းအဝိုင်းအတွက် အခြေခံအကျဆုံးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးတွေကို မရှိတဲ့ကြားက ဆောင်ရွက်ပေးနေတာ ဖြစ်တာကြောင့် မွတ်ဆလင်တွေအနေနဲ့ အခွင့်အရေးနဲ့ တာဝန် အာရက္ခဒေသအပေါ် ဘယ်လောက်ထိ လက်တွေ့ကျကျနဲ့ သစ္စာစောင့်သိမလဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“နိုင်ငံတကာ ညီလာခံမှာ ဥပမာ ULA ထိန်းချုပ်ထားတဲ့အချိန်မှာ မွတ်ဆလင်နဲ့ ရက္ခိုင်နဲ့ လူမျိုးရေးနဲ့ ဘာသာရေးပဋိပက္ခ ဘာတစ်ခုမှ မရှိတော့ဘူးဆိုတဲ့ဟာကို သူတို့ ဘယ်တော့မှ မပြောဘူး။ ပြီးမှ ဒီလူတွေနဲ့ ဆက်ဆံရေး တိုးတက်လာတယ်။ ယုံကြည်မှု တည်ဆောက်ရတယ်။ ပြီးမှ ကျနော်တို့က ဒီမွတ်ဆလင် community အတွက် အခြေခံအကျဆုံးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးတွေအတွက် မရှိတဲ့ကြားက ဘယ်လိုကူညီဆောင်ရွက်နေတယ်ဆိုတာ ဘာမှ လုံးဝ စစ်မြေပြင်မှာ စစ်သွေးကြွတွေနဲ့ အကုန် ရောပြောပြီးမှ စစ်ဆေးရတယ်။ ဒီကိစ္စ အင်မတန် ခက်ခဲတယ်။ ဒီလိုမျိုး စွပ်စွဲမှုတွေကို ကမ္ဘာရဲ့ မီဒီယာတွေကို ထိန်းချုပ်ထားတဲ့ အမေရိကန်လည်း မရှောင်နိုင်ဘူး၊ တရုတ်နိုင်ငံလည်း မရှောင်နိုင်ဘူး၊ တခြား ဘယ်နိုင်ငံမှလည်း မရှောင်နိုင်ဘူး။ ကျနော်တို့ဆိုရင် ပိုထိတာပေါ့။ မြန်မာနိုင်ငံမှာဆိုရင် ဘယ်ခေါင်းဆောင်ပဲတက်တက် စစ်အုပ်စုက အာဏာကို ကိုင်ပြီးမှ နိုင်ငံကို အုပ်ချုပ်ရင် လည်း စစ်အုပ်စုကို အဲဒီပုဒ်မနဲ့ တပ်မှာပဲ။ NLD က ခေါင်းဆောင်က တက်လာရင်လည်း NLD ကို အဲဲဒီပုဒ်မတွေ တပ်မှာပဲ။ NUG က တကယ်လို့ နိုင်သွားအုံး သူလည်း အဲဒီပုဒ်မနဲ့ တပ်ခံရမှာပဲ။ ဒါကြောင့်မို့လို့ ကျနော်တို့ ဆွဲချခံရတာ သိပ်တော့ မအံ့ဩဘူး။ အမှန်တရားကို ကျနော်က ယုံယုံကြည်ကြည်နဲ့ ဆက်လက်ကိုင်ထားမယ်။ ဒီမွတ်ဆလင်နိုင်ငံသားတွေကို တဆင့်ပြီးတဆင့်ပေါ့ အခွင့်အရေးနဲ့ တာဝန် မြန်မာနိုင်ငံအပေါ် ဘယ်လောက်သစ္စာရှိမလဲ အာရက္ခဒေသအပေါ်မှာ ဘယ်လောက်သစ္စာရှိမလဲ ငြိမ်းချမ်းမှုအတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတဲ့ အရာတွေကို ကျနော်တို့က ဒီဟာလုပ်ပြီးမှ ငါတို့တည်ဆောက်ရအောင် အပြောထက် လက်တွေ့ကျအောင်ဆိုတဲ့ ယုံကြည်မှုနဲ့ တည်ဆောက်ဖို့ ရှိနေပါတယ်” လို့ ပြောပါတယ်။
နိုင်ငံတကာစာမျက်နှာတွေက ရက္ခိုင်ဒေသမှာရှိတဲ့ မွတ်ဆလင်တွေက လူမျိုးသုန်း သတ်ဖြတ်ခံနေရပါတယ်ဆိုတာမျိုးပဲ အမြဲတမ်းဖြစ်နေပေမယ့် တကယ့်တကယ်မှာ ရက္ခိုင်မှာ မွတ်ဆလင်မဟုတ်တဲ့သူတွေက မွတ်ဆလင်တွေရဲ့ သတ်ဖြတ်မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။
မွတ်ဆလင်တွေ အများဆုံးရှိတဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့မှာဆိုရင် အရင်က မွတ်ဆလင်မဟုတ်တဲ့သူ ၁၀ ရာခိုင်နှုန်းရှိပေမယ့် လက်ရှိမှာ ၄ ရာခိုင်နှုန်းပဲ ရှိတော့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောပါတယ်။
“ရက္ခိုင်ဒေသမှာ နိုင်ငံတကာမှာ မွတ်ဆလင် community က genocide ခံရတဲ့ သားကောင်ဆိုတဲ့ဟာက အရမ်းလွှမ်းမိုးတယ်။ ဘူးသီးတောင်၊ မောင်တောဒေသမှာ genocide ခံရတာက non မွတ်ဆလင်တွေက များပါတယ်။ တကယ်သာ အရှိတရားပဲ။ non မွတ်ဆလင်ဆိုတာက မွတ်ဆလင်မကိုးကွယ်တဲ့ ဟိန္ဒူအပါအဝင် ခရစ်ယာန်တွေလည်း ရှိမယ်။ နောက်ပြီးမှ buddhist တွေရှိမယ် ဘာသာ ဘာမှမရှိတဲ့ လူမျိုးပေါ့။ သူက ရာခိုင်နှုန်း ၄ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အရင်တုန်းက ၁၀ ရာခိုင်နှုန်း ရှိတယ်။ အခုက တဖြည်းဖြည်း လုံးပါး ပါးပြီးမှ မနေရဲတော့ဘူး ထွက်ပြေးသွားတယ် တချို့ဆိုရင် အသက်ခံရတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ထန်းရှောက်ခံရွာမှာ တွေ့ရှိတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အစုအလိုက် အပြုံလိုက် အလောင်းတွေကို အသုံးချပြီးတော့လည်း အာရက္ခတပ်တော်က မွတ်ဆလင်တွေကို လူမျိုးသုန်း သတ်ဖြတ်တယ်ဆိုပြီး စွပ်စွဲထားကြပါသေးတယ်။
မြေပြင်အခြေအနေမှာတော့ အာရက္ခတပ်တော်ဟာ မွတ်ဆလင်တွေအတွက် မောင်တောမှာ ရှေးဟောင်းဗလီကြီးကို ပြန်လည်ဖွင့်လှစ်ပေးတာ၊ လူမျိုးစု ၂ ခုကြား သင့်မြတ်ရေးနဲ့ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့် တစ်ဖက်မှာ မွတ်ဆလင်အကြမ်းဖက်အဖွဲ့လို့ သိထားတဲ့ ARSA အဖွဲ့တွေဟာ မောင်တောခရိုင်အတွင်းကို နယ်စပ်ကတစ်ဆင့် ခိုးဝင်ပြီး လူသူကင်းဝေးတဲ့ တောတောင်တွေ၊ လူပြတ်တဲ့နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ် သွားလာနေကြတဲ့ ဒေသခံပြည်သူလူထုတွေထဲမှ မူဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ ပြန်ပေးဆွဲတာနဲ့ သတ်ဖြတ်တာတွေကို အခုရက်တွေမှာ ဆက်တိုက် လုပ်ဆောင်လျက် ရှိနေပါတယ်။

2 comments
После прохождения детоксикации пациенту назначаются восстановительные процедуры, направленные на нормализацию обмена веществ и укрепление нервной системы. Программы клиники включают физиотерапию, витаминотерапию и индивидуальные занятия с психотерапевтом. Главная цель — восстановить способность организма к естественной саморегуляции и снизить зависимость от внешних раздражителей.
Получить дополнительные сведения – http://narkologicheskaya-clinika-v-kazani16.ru/narkologicheskaya-klinika-kazan-otzyvy/
Помощь можно получить анонимно, с аккуратным оформлением и внимательным отношением к личным данным.
Изучить вопрос подробнее – нарколог на дом вывод из запоя в Красноярске