EnvironmentNews

ဝီဖာမုန်တိုင်းကြောင့် ရက္ခိုင်တွင် ညနေ ၂ နာရီနောက်ပိုင်း မိုးကျဲကျဲ ရွာမည်

အာရက္ခတိုင်းမ်စ် (၂၂ ဇူလိုင် ၂၀၂၅)

ဝီဖာမုန်တိုင်းအရှိန်နဲ့ ဒီနေ့မှာ (ဇူလိုင် ၂၂) ရက္ခိုင်ပြည်တွင် ညနေ ၂ နာရီနောက်ပိုင်း မိုးကျဲကျဲ ရွာမယ်လို့ သိရပါတယ်။

“ရွာမှာ သေချာတဲ့ နေရာတွေကတော့ စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ မြေငူကျွန်း၊ ပေါက်တော၊ ကျောက်တော် နဲ့ ပုဏ္ဏားကျွန်းမြို့တွေက သေချာပေါက် မိုးကျဲကျဲ ရွာမယ်” လို့ မိုးလေဝသပညာရှင် တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဝီဖာတိုင်ဖွန်မုန်တိုင်းအထက်မြင့်လေစီးဆွဲအားကြောင့် ဘဂ်လားပင်လယ်ပြင်၊ ကပ္ပလီပင်လယ်ပြင်တို့တွင် အနောက်တောင်မုတ်သုန်လေဆက်ပြီး အား‌ကောင်းခြင်းအရှိန်ကြောင့် မြန်မာနိုင်ငံတွင် ဇူလိုင်လ ၂၂ ရက် ၂၄ နာရီအတွင်း ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ မွန်၊ ​​ရှမ်း၊ ကယား၊ တနသ်ာရီ၊ ကချင် နဲ့ ရှမ်း တို့တွင် မနက်စောပိုင်းစတင်ပြီး လေတိုက်ခတ်ကာ နေရာကွက်ကျား မိုးကျဲကျဲ ကနေပြီးတော့ နေရာကွက် မိုးသည်းမယ်လို့လည်း ဆိုပါတယ်။

ရက္ခိုင်ပြည်အနေနဲ့ ဇူလိုင်လ ၂၃ ရက် ကနေ ၂၅ ရက်အထိ မိုးအသင့်အတင့်ကနေ မိုးများနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားပါတယ်။

Related posts

AA နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

Rakhita Times

မြောက်ဦးဖြစ်စဉ်ဟာ စစ်တပ်ကို အမြစ်ဖြတ်မှရမယ်ဆိုတဲ့ ယုံကြည်ချက်ကို ပိုမိုခိုင်မာစေတယ်လို့ BPLA ကွပ်ကဲရေးမှူး ဆို

Rakhita Times

စကမ ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့က ကျောင်းသားတွေကို စခန်းသွင်းစာကျက်ခိုင်းနေ

Rakhita Times

Leave a Comment