NewsPolitic

ကျောက်ဖြူတွင် စကမ နေဗီက လက်နက်ကြီးပစ်လို့ အရပ်သားတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလ ၃၀ ရက် ညနေဖက်က စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ညနေ ၅ နာရီကျော်လောက်က ဇင်ချောင်းဖက်မှာ ရပ်ထားတဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်တယ်။ လက်နက်ကြီးကျည်ထိလို့ အမျိုးသားတယောက် ပွဲချင်ပြီး သေဆုံးသွားတယ်” လို့ ကျောက်ဖြူမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီကနေ ပစ်ခတ်လို့ သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်ဘွယ်ရွာနေ အသက် ၄၅ နှစ်အရွယ် ဦးမောင်ဖြူစိုး (ခ) ခင်မောင်ထွေး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်ကလည်း စစ်ကော်မရှင်က ဒရုန်းနဲ့ လာရောက်ဗုံးကြဲချခဲ့လို့ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် လသားကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။

အလားတူ ဇန်နဝါရီလ ၂၂ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုန်းဘောင်ကြီးရွာကို စစ်ကော်မရှင်က အသေခံဒရုန်းနဲ့ လာရောက်ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

Related posts

မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

Rakhita Times

ဘင်္ဂလားနယ်စပ်တွင် AA နဲ့ လက်နက်ကိုင်အချို့ တိုက်ပွဲဖြစ်ပွားလို့ ဘင်္ဂလားမီဒီယာ ရေးသားချက် သတင်းမှန်မဟုတ်လို့ ဗိုလ်မှူးထွန်းမင်းနိုင်ပြော

Rakhita Times

TNLA စစ်ရေးရှုံးနိမ့်မှု အခြားအဖွဲ့တွေနဲ့ ပူးပေါင်းမှု မလုပ်နိုင်တာကြောင့်လို့ ပြော

Rakhita Times

212 comments

Leave a Comment