အာရက္ခတိုင်းမ်စ် (၃၁ ဇူလိုင် ၂၀၂၅)
ရက္ခိုင်ပြည် ပေါက်တောမြို့နယ် ဟင်းခရော်ကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှုတွင် ကျူးလွန်သူကို အာရက္ခတပ်တော် အနေနဲ့ အမြန်ဆုံး အရေးယူပေးရန် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (ရ.က.သ) အမျိုးသမီးရေးရာကော်မတီက တောင်းဆိုလိုက်ပါတယ်။
အသက် ၉ နှစ်အရွယ် ၄ တန်းကျောင်းသူ အမျိုးသမီးငယ်ကို အသက် ၆၉ နှစ်အရွယ် ဘုန်းတော်ကြီး စန္ဒိမာ၊ လူအမည် ဦးစိန်လှထွန်းက ဓမ္မာရုံအတွင်း အတင်းအဓမ္မပြုကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်နဲ့ ပတ်သက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အမျိုးသမီးရေးရာကော်မတီအနေဖြင့် မိသားစုနှင့်ထပ်တူ လွန်စွာဝမ်းနည်း ကြေကွဲရပါတယ်လို့လည်း ဆိုပါတယ်။
အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်မှု ကျူးလွန်ခြင်းဟာ မျှတမှု၊ လူ့ဂုဏ်သိက္ခာနဲ့ ကလေးသူငယ်အခွင့်အရေး ရပိုင်ခွင့်များကို ဆုံးရှုံးမှုခံရတဲ့ ဖြစ်စဉ်ဟာ ပြစ်မှုတစ်ခုဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အမျိုးသမီးရေးရာကော်မတီက ဆိုပါတယ်။
ကလေးငယ်များဟာ ဘေးကင်းလုံခြုံပြီး သက်တမ်းပြည့်အောင် ကြီးထွားနေထိုင်ခွင့် ရရှိပြီး အနာဂတ် အာရက္ခပြည်ရဲ့ ထွန်းတောက်လာမယ့် ကလေးငယ်များဖြစ်တယ်လို့လည်း ဆိုပါတယ်။
အသက်အရွယ် ငယ်လွန်းတဲ့ ကလေးသူငယ်များအပေါ် ပြစ်မှုကျူးလွန်ခြင်းဟာ လူမှုအဖွဲ့အစည်းတစ်ခုလုံးအပေါ် အပြစ်ကျူးလွန်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကလေးသူငယ်တစ်ဦးရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးခြင်းခံရတဲ့ လူမဆန်မှု၊ တိရစ္ဆာန်ထက် ဆိုးဝါးလှတဲ့ လုပ်ရပ်ကျူးလွန်ခြင်း ဖြစ်စဉ်ဖြစ်ပြီး ရက္ခိုင်ပြည်ရှိ အမျိုးသမီးများနဲ့ ကလေးငယ်များအပေါ် အကြမ်းဖက်မှု၊ သက်ငယ် အဓမ္မပြုကျင့် ကျူးလွန်မှု ဖြစ်ရပ်များ နောက်နောင် မမြင်မကြား မကြုံတွေ့ရစေရေးအတွက် အပြစ်ကျူးလွန်သူကို အာရက္ခတပ်တော် အနေနဲ့ အမြန်ဆုံးအရေးယူပေးရန်လည်း တောင်းဆိုထားပါတယ်။
သာဓက အနေနဲ့ ကျူးလွန်သူကို အပြစ်လျော့ပေါ့ခွင့်မရှိဘဲ တာဝန်ရှိသူများက တရားစီရင်သင့်ကြောင်းနဲ့ အမျိုးသမီးငယ်ကိုလည်း လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ စနစ်ကျဆောင်ရွက်ပေးရန် လေးလေးနက်နက် တောင်းဆိုတယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ အမျိုးသမီးရေးရာကော်မတီက ဆိုပါတယ်။
ပြုကျင့်ခံရသူရဲ့ မိခင်ဖြစ်သူက သမီးဖြစ်သူ အဓမ္မပြုကျင့်ခံရမှုအတွက် အာရက္ခတပ်တော်ရဲ့ DLEPS ထံ ဇူလိုင်လ ၂၉ ရက်တွင် တိုင်ကြားထားပြီး DLEPS အနေနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
လက်ရှိတွင် ကျူးလွန်ခံရသူ မသဇင်ဖူး (အမည်လွှဲ) ကို ဆေးစစ်ရန် ပို့ဆောင်ထားပြီး ဘုန်းတော်ကြီး စိန္ဒမာကိုး မြိုနယ်သံဃာနာယကအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လူဝတ်လဲကာ ပုဒ်မ ၃၇၅ အရ အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

3 comments
Superb, what a webpage it is! This blog provides helpful facts to us, keep it up.
byueuropaviagraonline
sparkdex SparkDex is redefining decentralized trading with speed, security, and real earning potential. On spark dex, you keep full control of your assets while enjoying fast swaps and low fees. Powered by sparkdex ai, the platform delivers smarter insights and optimized performance for confident decision-making. Trade, earn from liquidity, and grow your crypto portfolio with sparkdex — the future of DeFi starts here.
At this time it looks like Expression Engine is the top blogging platform available right now. (from what I’ve read) Is that what you’re using on your blog?
https://cpaday.com.ua/chystka-ultrazvukovoho-vyprominyuvacha-vid.html