BusinessNewsPolitic

AA က ငွေကြေးအနွမ်းများ လက်ခံသုံးစွဲရမယ်လို့ ထုတ်ပြန်တာကို ပြည်သူများလက်ခံ

အာရက္ခတိုင်းမ်စ် (၁၅ သြဂုတ် ၂၀၂၅)

ရက္ခိုပြည်က လွတ်မြောက်နယ်မြေအချို့မှာ ငွေစက္ကူရာတန်နဲ့ ဟောင်းနွမ်းငွေကြေးတွေကို လက်ခံသုံးဆွဲရန် အာရက္ခတော်လှန်ပြည်သူ့အစိုးရအနေနဲ့ အသိပေးပြောကြားတဲ့ပေါ် ပြည်သူတွေအနေနဲ့ လက်ခံကြတယ်လို့ သိရပါတယ်။

“ မြောက်ဦး၊ ကျောက်တော်မှာ ငွေစက္ကူနွမ်းရင် သုံးမရလို့ အာရက္ခတိုင်းမ်စ်ကို သတင်းပေးဖူးတယ်။ အခုတော့ ကိုယ့်အစိုးရက ကိုယ့်ပြည်သူစကားကို နာထောင်တယ်ဆိုတော့ ဝမ်းသာရတယ်။ အခု ထုတ်ပြန်တာကို ကြိုဆိုပါတယ်” လို့ မြောက်ဦးဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၄ခုနှစ် ဇူလိုင်လတွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့ မြို့နယ်များတွင် ဟောင်းနွမ်းငွေစက္ကူများ လက်ခံကြရန်နဲ့ လက်မခံပါက အရေးယူမယ်လို့ အာရက္ခတပ်တော်က ဒေသန္တရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ကုန်သည်တွေက လက်မခံလို့ ဒေသခံပြည်သူတွေအနေနဲ့ ကုန်သည်တွေ လက်ခံအောင် ဆောင်ရွက်ပေးစေချင်တယ်လို့ ဒေသခံတွေက ထပ်မံတောင်းဆိုအပြီးမှာ အခုလို ထပ်မံ ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။

“ အခုက ဆိုင်းဘုတ်ပါ ထောင်ထားတာလေ။ ပြီးတော့ တိုင်လို့ရတဲ့နေရာတွေကိုလည်း ဖော်ပြထားတော့ အခုထုတ်ပြန်ချက်ဟာ ထိရောက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ကျောက်တော်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အခုကြော်ငြာချက်ကို လိုက်နာမှုမရှိဘဲ ဟောင်းနွမ်းငွေစက္ကူတွေကို လက်ခံဖို့ ငြင်းဆန်တာ (သို့မဟုတ်) ငြင်းဆန်ဖို့ကြိုးစားရင် နီးစပ်ရာ မြို့နယ်အုပ်ချုပ်ရေးရုံး၊ တိုက်နယ်အုပ်ချုပ်ရေးရုံးနဲ့ မြို့နယ်စည်ပင်သာယာရေးရုံးတွေမှာ လာရောက်တိုင်ကြားနိုင်တယ်လို့လည်း စာထဲမှာ ဖော်ပြထားပါတယ်။

အာရက္ခတိုင်းမ်စ်က ငွေစက္ကူအနွမ်းနဲ့ ပတ်သက်ပြီး https://www.facebook.com/photo/?fbid=122169642608561727&set=a.122094637034561727 တွင် ဖတ်ရှုနိုင်ပါတယ်။

Related posts

စစ်ပညာသင်ပေးခြင်း၊ အကူညီပေးဖြင်းအတွက် အထူးကျေးဇူးတင်ကြောင်း AA ကို BPLA ပြော

Rakhita Times

‌စကမရဲ့ ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရက္ခိုင်ပြည်မပါဝင်

Rakhita Times

ကျောက်တော်တွင် ရှေးဟောင်း ကျောက်ပုလ္လင် တွေ့ရှိ

Rakhita Times

Leave a Comment