NewsPolitic

လေးတောင်မြို့နဲ့ အနီးဝန်းကျင်ကို စကမ ဗုံးကြဲ နှစ်ယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ 

အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ ၂၀၂၆) 

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့နဲ့ အနီးဝန်းကျင်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ဒီကနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်က လေးတောင်မြို့နဲ့ အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးသွားပြီးတော့ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ကနဦး သိရပါတယ်။ 

စကမတပ်ဟာ သရက်ချိုကျေးရွာမှ ရဲစခန်းဟောင်းနဲ့ စျေးကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

အဆိုပါ ဗုံးကြဲမှုနဲ့ ပတ်သက်ပြီး သတင်းအသေးစိပ်ကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။ 

မနေ့ကလည်း ကျောက်ဖြူမြို့နယ်၊ မိကျောင်းရေသောက်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး နှစ်ဦး သေဆုံးသွားခဲ့ပါတယ်။ 

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်ကြား၊ ချောင်းတူရွာအနီး စစ်သုံ့ပန်း အကျဉ်းစခန်းထားရှိခဲ့တဲ့ နေရာအနီးတဝိုက်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က ယမန်နေ့က ထပ်မံဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်ကလည်း ကျောက်တော်နဲ့ မြောက်ဦးမြို့တို့ကို ဗုံးကြဲခဲ့မှုကြောင့် လသားကလေးငယ် တဦးအပါအဝင် အရပ်သား ၇ ဦးနဲ့ သေဆုံးခဲ့ရပါတယ်။

Related posts

ကျောက်ကလေရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၃ ဦး အထိ ရှိလာ

Rakhita Times

ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လည်လွှတ်ပေးရန် IMJA တိုက်တွန်းတောင်းဆို

Rakhita Times

မြောက်ဦးဆေးရုံအတွက် အရွယ်စုံ Arakanese Ladies က သိန်း ၁၅၀ မတည်၊ စုစုပေါင်း သိန်း တထောင်ကျော် လှူဒါန်း

Rakhita Times

Leave a Comment