NewsPolitic

သံတွဲပြည်သူ ၇၀၀၀ ကျော်ကို HDCO ဆန်ထောက်ပံ့

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၃ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ်က ပြည်သူ ၇၀၄၉ ဦးအတွက် HDCO က ဆန်အိတ် ၁၁၆၄ အိတ် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

သံတွဲမြို့နယ် တိုက်နယ် ၉ ခု က အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေတဲ့ စစ်ဘေးရှောင်မိသားစု ၂၁၈၈ စုကို ထောက်ပံ့ပေးခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ထောက်ပံ့မှုကို ဇူလိုင်လ နဲ့ သြဂုတ်လ အတွင်း ထောက်ပံ့ပေးခဲ့ပြီး ထောက်ပံ့မှု မရရှိသေးတဲ့ ပြည်သူတွေကိုလည်း ဆက်လက်ထေက်ပံ့ဖို့ HDCO အနေနဲ့ စီစဥ်နေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည် သံတွဲမြို့နယ်တွင် စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၂၃၄၅ စု ရှိပြီး လူဦးရေ ၈၀၉၈ ဦး ရှိတယ်လို့လည်း သိရပါတယ်။

Related posts

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၃)

Rakhita Times

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ဦး​မောင်​​မောင်အုန်းကို ရွေးချယ်

Rakhita Times

သံတွဲကို စကမ ထပ်မံ ဗုံးလာကြဲ

Rakhita Times

17 comments

Leave a Comment