BusinessNewsPolitic

ကျောက်ဖြူနဲ့ စစ်တွေကို လေကြောင်းခရီးစဥ်တွေ လျှော့ချ

အာရက္ခတိုင်းမ်စ် (၈ စက်တင်ဘာ ၂၀၂၅)

စစ်ကော်မရှင်က ရက္ခိုင်ပြည် ကျောက်ဖြူနဲ့ စစ်တွေမြို့နယ်ကို ရန်ကုန်ကနေ ပျံသန်းပြေးဆွဲနေတဲ့ လေကြောင်းခရီးစဥ်တွေကို လျှော့ချလိုက်တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော်နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ ကျောက်ဖြူကို အရင်က နေ့စဥ် လေယာဥ်ပြေးဆွဲနေပေမယ့် စက်တင်ဘာလကစပြီး တပတ်ကို ၂ ကြိမ်သာ ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ လေယာဥ်လက်မှတ် အရောင်းဌာနတွေဆီကနေ သိရပါတယ်။

အဲဒီလိုပဲ စစ်တွေမြို့ကိုလည်း လေကြောင်းခရီးစဥ်တွေကို လေကြောင်းလိုင်းတွေက အရင်က တရက်ကို ၂ စီးနဲ့ ၃စီး ပျံသန်းပြေးဆွဲပေမယ့် လက်ရှိမှာတော့ တပတ်ကို ၁ ရက် ၂ ရက်လောက်ပဲ ပြေးဆွဲတယ်လို့ လေယာဥ်လက်မှတ် ရောင်းချနေသူတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ လျှော့ချတာတော့ လျှော့ချတယ်။ တပတ်ကို ၂ ရက် အဲဒီလောက်ပဲ ရှိတယ်။ အရင်တုန်းကကျတော့ ၃ ကြောင်းကနေ MNA ရှိတယ်။ ပြီးလို့ရှိရင် MAI ရှိတယ်။ ၃ ကြောင်းရှိတယ်။ အခု ၃​ ကြောင်းလုံး ပေါင်းတော့မှ တပတ်ကို ၂ စီးလောက်ပဲ သွားဖြစ်တယ်။ အရင်တုန်းကတော့ ဒီထပ် ပိုစိပ်တာပေါ့ ခရီးစဥ်တွေက။ အခုက တပတ်ကို ၂ ကြိမ်လောက်ပဲ။ စစ်တွေလည်း ပါတယ်။ စစ်တွေကလည်း အရင်တုန်းကဆိုရင် airline တခုကနေ တနေ့ကို ပုံမှန် ၁ ကြောင်းမဟုတ်ရင် ၂ ကြောင်း ဆွဲတယ်။ ၃ ကြောင်းသွားတယ်ဆိုလို့ရှိရင် လေယာဥ်က တနေ့ကို ၂ စီး၊ ၃ စီးလောက် ကျမယ်။ အခုက airline တွေကလည်း ၁ ရက်ဆွဲတဲ့ airline တွေရှိတယ်။ ၂ ရက်ဆွဲတဲ့ airline တွေရှိတယ်” လို့ ပြောပါတယ်။

ရန်ကုန်-ကျောက်ဖြူခရီးစဉ်ကို Myanmar Airways မှ စက်တင်ဘာ ၈၊ ၁၅၊ ၂၂ နဲ့ ၂၉၊ Air Myanmar က စက်တင်ဘာ ၆၊ ၁၃၊ ၂၀ နဲ့ ၂၇ ရက်တွေမှာ ပြေးဆွဲတော့မှာဖြစ်ပြီး စက်တင်ဘာလအတွင်း ရှစ်ကြိမ်သာပြေးဆွဲတော့မှာ ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။

လက်ရှိမှာ ရန်ကုန် – ကျောက်ဖြူ၊ ကျောက်ဖြူ – ရန်ကုန်၊ ရန်ကုန် – စစ်တွေ၊ စစ်တွေ – ရန်ကုန် လေယာဥ်လက်မှတ်တွေဟာ လက်ရှိမှာ စက်တင်ဘာလ တတိယအပတ်ထိ အပြည့်ဖြစ်နေတယ်လို့ သိရပါတယ်။

လေယာဥ်လက်မှတ် ရောင်းချသူတစ်ယောက်က “ သွားမယ့်ခရီးသည်တွေကျတော့ မနက်ဖြန်ရမလား၊ တပတ်ခါရမလား အဲဒီလိုတွေရှိတယ်။ ဒါပေမယ့် ဒီနေ့ဆို ၆ ရက်ဆိုလို့ရှိရင် ၁၈၊ ၁၉ ရက်ဆို မရလောက်ဘူး။ အကုန်လုံးက အပြည့် ခရီးသည်တွေက။ လေယာဥ်က နည်းတဲ့အခါကျတော့ ခရီးသည်တွေက မရနိုင်ဘူး။ တချို့ဆိုရင် ၁ ပတ်၊ ၂ ပတ်၊ ၃ ပတ်လောက်အထိ ကြိုပြီးတော့ ဝယ်ထားတာမျိုး ရှိတယ်။ ဈေးနှုန်းတွေကကျတော့ ၆ သိန်းဝန်းကျင်မှာရှိတယ် ပုံမှန်ဈေးပါပဲ။ တချို့တွေက လက်မှတ်ဝယ်ပြီးတော့မှ အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ဘူး။ ဒါပေမယ့် အဲဒါကို သွားမထုတ်ဘဲနဲ့ ခရီးသည်ရှိနေပြီးသား ဒါပေမယ့် ပိုင်ရှင်က မသွားတော့ဘူး။ အဲဒီနေရာကို ၆ သိန်းဆို ၇ သိန်း၊ ၈ သိန်း၊ ၉ သိန်း အရေးပေါ်သွားမယ့်သူကတော့ သွားမှာပဲလေ အဲဒီလိုမျိုးတွေတော့ ရှိတယ်” လို့ ပြောပါတယ်။

လေကြောင်းလိုင်းကို အဓိကအားထားနေရတဲ့ ကျောက်ဖြူနဲ့ စစ်တွေအတွက် အခုလို လေယာဥ်ခရီးစဥ်တွေ လျှော့ချလိုက်တာဟာ ကုန်ဈေးနှုန်းကို အဆမတန် ကြီးသွားစေနိုင်သလို တစ်ဖက်မှာလည်း တိုက်ပွဲ ပြင်းထန်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

Related posts

မောင်တောနယ်စပ်က ပြောင်းရွှေ့လာတဲ့ မြိုလူမျိုးတွေကို ဆန်လှူဒါန်း

Rakhita Times

AA ရဲ့ ဒရုန်းကြောင့် စစ်တွေက စကမ တပ်သား ၂၀ ခန့် သေဆုံး

Rakhita Times

စစ်တွေကို AA စတင် ထိုးစစ်ဆင်

Rakhita Times

8 comments

canada pharmacy online မတ် 4, 2026 at 5:48 ညနေ Reply
canadian medications မတ် 4, 2026 at 10:14 ညနေ Reply
canadian pharmacy review မတ် 5, 2026 at 3:42 မနက် Reply
safe canadian pharmacies online မတ် 5, 2026 at 11:21 မနက် Reply
oglądanie pornografii dziecięcej w Internecie မတ် 20, 2026 at 2:55 မနက်

Slottica Casino to propozycja dla graczy szukających nowoczesnej platformy do gry online i wygodnego dostępu do szerokiej oferty rozrywki. Serwis wyróżnia się intuicyjnym interfejsem, sprawną obsługą płatności oraz atrakcyjnym wyborem gier dopasowanych do różnych preferencji. Na szczególną uwagę zasługują wysokie standardy bezpieczeństwa, w tym szyfrowanie danych i rozwiązania chroniące prywatność użytkowników na każdym etapie korzystania z platformy. Dzięki temu gracze mogą skupić się na zabawie, mając pewność, że ich dane osobowe i finansowe są odpowiednio zabezpieczone. To jeden z ciekawszych wyborów dla osób zastanawiających się, gdzie grać online w bezpieczny i komfortowy sposób.

Reply

Leave a Comment