NewsPolitic

AA သင်တန်းပေးခဲ့တဲ့ နွေဦးတော်လှန်ရေးတပ် သင်တန်းဆင်း

အာရက္ခတိုင်းမ်စ် (၁၁ စက်တင်ဘာ ၂၀၂၅)

နွေဦးတော်လှန်ရေးတပ်တွေရဲ့ NCO (အကြပ်) သင်တန်းကို အာရက္ခတပ်တော် (AA) က ဦးဆောင်သင်ကြားပေးခဲ့တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စက်တင်ဘာလ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ သင်တန်း အပတ်စဥ် ၂ သင်တန်းဆင်းပွဲကို စက်တင်ဘာလ ၂ ရက်နေ့တွင် အမှတ် (၁၀၇) စစ်ဒေသမှာ ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကာလ ၅လခန့်ကြာမြင့်ခဲ့ကာ သင်တန်းအစတွင် သင်တန်းသူ၊ သား စစ်သည်၊ စစ်မေ ၆၆ ဦး တက်ရောက်ခဲ့ပြီး ၅၀ ဦးသာ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

သင်တန်းဆင်းပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ (၅) တပ်မဟာမှူး နဲ့ အာရက္ခတပ်တော် (AA) တပ်မှူးတွေ အပါအဝင် အခြား မဟာမိတ်ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) အပါအဝင် Force For Federal Democracy (FFD)၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁)၊ သေမင်းတမန် HOD-PDF ၊ ပကဖ (ကဝ) နဲ့ ပကဖ (အင်းတကော်) စတဲ့ မဟာမိတ်တပ်ရင်းတပ်ဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။

Related posts

မြောက်ဦးက အစ္စလာမ်ဘာသာရေးတက္ကသိုလ်ကျောင်းတခုတွင် ဘွဲ့ရကျောင်းသားများကို ဘွဲ့လက်မှတ်ပေးအပ်

Rakhita Times

AA နဲ့ KNU ကို စကမ အမှုဖွင့် အရေးယူမှု ဘာမှဖြစ်လာမှာ မဟုတ်

Rakhita Times

စစ်တွေမှာ ဆိုလာပြားတွေနဲ့ မီးပွိုင့်စနစ်တွေကို ပြန်လည်လုပ်ဆောင်နေ

Rakhita Times

Leave a Comment