အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၅)
စစ်ကော်မရှင်က အာရက္ခတပ်တော်ရဲ့ ထောက်ပံ့ရေးအဖွဲ့ဝင် ၃ ဦး အပါ မူးယစ်ဆေးဝါး ရောင်ဝယ်သူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စွပ်စွဲ ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်အပေါ် ဦးခိုင်သုခက “ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ များလာပြီဆိုရင် ဒီလိုမျိုး လီဆယ် လုပ်ကြံစွပ်စွဲချက်တွေနဲ့ အောက်လမ်းနည်းသုံးအသရေမဲ့စွာ စွပ်စွဲတိုက်ခိုက်လေ့ ရှိပါတယ်။ စစ်ကောင်စီမှာ သူတို့ကိုယ်တိုင်ထုတ် လုပ်ရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေ အများကြီး ရှိပါတယ်။ သူတို့ စွပ်စွဲချင်တဲ့အချိန်မှာ သူတို့ ဂိုဒေါင်ထဲကဟာတွေ ထုတ်ယူလာပြီး ဘယ်သူ့ဆီက ရပါတယ်ဆိုပြီး ဓားစာခံဖမ်း စွပ်စွဲလေ့ ရှိပါတယ်။ ဒါဟာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ လုပ်နေကျ နည်းဗျူဟာတစ်ခုပါပဲ” လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်အပါအဝင် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေကို မကြာခဏ စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။
“ ကျနော်တို့က ထမင်းငတ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ကျနော်တို့မှာ ကျနော်တို့ ပြည်သူရှိတယ်။ ရေခံမြေခံကောင်းတွေ ရှိတယ်။ ကိုယ့်ခြေထောက်ပေါ် ကောင်းကောင်း ရပ်တည်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ကျနော်တို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးအနာဂါတ်ကို ကောင်းသထက်ကောင်းအောင် ကြိုးစားတည်ဆောက်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့် ဒီလို အောက်တန်းကျ လူညွန့်တုန်းစေတဲ့ လုပ်ရပ်တွေ ကျနော်တို့ ဘယ်တော့မှ မလုပ်ဘူး” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထပ်မံ တုန့်ပြန် ပြောပါတယ်။
အာရက္ခတပ်တော်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ဦးခိုင်သုခက ပြောဆိုထားပါတယ်။

1 comment
Discover the thrill of real-money live casino action at play live blackjack with real dealers at Maxispin, where you can enjoy live dealers, top software providers, and exclusive promotions.
Responsible usage and fairness are emphasized throughout maxispin-au.com’s services.