NewsPolitic

မူးယစ်ဆေးနဲ့ ပတ်သက်ပြီး AA ကို စွပ်စွဲတာဟာ စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ ဗျူဟာလို့ ဦးခိုင်သုခ တုန့်ပြန်

အာရက္ခတိုင်းမ်စ် (၁၆ စက်တင်ဘာ ၂၀၂၅)

စစ်ကော်မရှင်က အာရက္ခတပ်တော်ရဲ့ ထောက်ပံ့ရေးအဖွဲ့ဝင် ၃ ဦး အပါ မူးယစ်ဆေးဝါး ရောင်ဝယ်သူ ၁၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စွပ်စွဲ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်အပေါ် ဦးခိုင်သုခက “အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီဟာ စစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ များလာပြီဆိုရင် ဒီလိုမျိုး လီဆယ် လုပ်ကြံစွပ်စွဲချက်တွေနဲ့ အောက်လမ်းနည်းသုံးအသရေမဲ့စွာ စွပ်စွဲတိုက်ခိုက်လေ့ ရှိပါတယ်။ စစ်ကောင်စီမှာ သူတို့ကိုယ်တိုင်ထုတ် လုပ်ရောင်းချနေတဲ့ မူးယစ်ဆေးဝါးတွေ အများကြီး ရှိပါတယ်။ သူတို့ စွပ်စွဲချင်တဲ့အချိန်မှာ သူတို့ ဂိုဒေါင်ထဲကဟာတွေ ထုတ်ယူလာပြီး ဘယ်သူ့ဆီက ရပါတယ်ဆိုပြီး ဓားစာခံဖမ်း စွပ်စွဲလေ့ ရှိပါတယ်။ ဒါဟာ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ မရိုးနိုင်တဲ့ လုပ်နေကျ နည်း‌ဗျူဟာတစ်ခုပါပဲ” လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်အပါအဝင် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်းတွေကို မကြာခဏ စွပ်စွဲထုတ်ပြန်ခဲ့ပါတယ်။

“ကျနော်တို့က ထမင်းငတ်နေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ကျနော်တို့မှာ ကျနော်တို့ ပြည်သူရှိတယ်။ ရေခံမြေခံကောင်းတွေ ရှိတယ်။ ကိုယ့်ခြေထောက်ပေါ် ကောင်းကောင်း ရပ်တည်နိုင်တဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ကျနော်တို့ရဲ့ တိုင်းပြည်နဲ့ လူမျိုးအနာဂါတ်ကို ကောင်းသထက်ကောင်းအောင် ကြိုးစားတည်ဆောက်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့် ဒီလို အောက်တန်းကျ လူညွန့်တုန်းစေတဲ့ လုပ်ရပ်တွေ ကျနော်တို့ ဘယ်တော့မှ မလုပ်ဘူး” လို့ အာရက္ခတပ်တော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ထပ်မံ တုန့်ပြန် ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ဘယ်အစိုးရ၊ ဘယ်နိုင်ငံတကာ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်လို့လည်း ဦးခိုင်သုခက ပြောဆိုထားပါတယ်။

Related posts

ပဲခူးတိုင်းက AA သိမ်းဆည်းရတဲ့ လက်နက်ခဲယမ်းများအာရက္ခတိုင်းမ်စ် (၂၇ ဇန်နဝါရီ ၂၀၂၅)အာရက္ခတပ်တော် က ပဲခူးတိုင်းအတွင်း သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တေွကို ဗိုလ်ချုပ်ထွန်းမြတ်နို်င်က သူရဲ့ twitter တွင် ဖော်ပြထားပါတယ်။

Rakhita Times

တရုတ်က ဗဟိုအစိုးရနဲ့ လက်နက်ကိုင်တွေ သူ့အကျိုးစီးပွားကို မဆန့်ကျင်ဖို့ လုပ်နေ

Rakhita Times

ရွှေကူနဲ့ ဗန်းမော်ကြား စစ်သင်္ဘော ၂၀ နီးပါးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း KIA ကြေညာ

Rakhita Times

7 comments

ZacharyProdo စက်တင်ဘာ 2, 2026 at 11:01 ညနေ

Glad the writer did not feel the need to argue with imaginary critics in the post itself, and a stop at lunivora kept the same focused approach going, defensive writing wastes the reader time and confidence on positions that did not need defending and this post has clearly avoided that common failure.

Reply
Eanaveda စက်တင်ဘာ 3, 2026 at 12:20 မနက်

Solid value for anyone willing to read carefully, and a look at seamsecret extends that value across the rest of the site, this is the kind of place that rewards return visits rather than offering everything in a single splashy post and then leaving readers nothing to come back for later which is unfortunately common.

Reply
DevinPaf စက်တင်ဘာ 3, 2026 at 12:20 မနက်

Now sitting with the thoughts the post triggered rather than rushing on to the next thing, and a stop at mimosamarket extended that reflective pause, content that earns time for thought after closing the tab is content of higher value than the merely interesting and this site has clearly produced that lasting effect today.

Reply
Iratweta စက်တင်ဘာ 3, 2026 at 12:26 မနက်

Came across this and immediately thought of a friend who would enjoy it, and a stop at clarvesta also reminded me of someone, content that triggers the urge to share is content that has earned my recommendation and this site has earned multiple from me already across different conversations during the week.

Reply
KadeTef စက်တင်ဘာ 3, 2026 at 1:07 မနက်

Reading this gave me a small jolt of recognition for an experience I thought was just mine, and a stop at gpugearhouse produced more such jolts, content that universalises private experiences without flattening them is doing genuinely useful work and this site is providing that recognition function for me reliably across topics I read.

Reply
RickFague စက်တင်ဘာ 3, 2026 at 2:26 မနက်

Thanks for the practical examples scattered through the post rather than abstract theory only, and a look at wifiwizard continued that grounded style, abstract points are easier to remember when paired with concrete situations and the writers here clearly understand how readers actually retain information from blog content reading sessions.

Reply
Bjornpok စက်တင်ဘာ 3, 2026 at 3:21 မနက်

Most of my reading time goes to a small number of trusted sources and this one is now joining that group, and a stop at vpnvault reinforced the group membership, the few sites that earn a place in my regular rotation are sites I expect ongoing returns from and this one has earned that elevated position consistently.

Reply

Leave a Comment