NewsPolitic

မောင်တောတွင် AA တပ်ဖွဲ့ဝင်တဦး အသ-တ်ခံရ

အာရက္ခတိုင်းမ်စ် (၂၁ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တဦးကို ARSA, RSO တွေက သ-တ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

“ ဒုံးညို (မြို) ရွာ က ရွာသားနှစ်ယောက် စက်တင်ဘာ ၁၆ ရက်က ဝါးခုတ်သွားတာ ပြန်မလာလို့ လိုက်ရှာတာမှာ အသ-တ်ခံလိုက်ရတာပါ။ သူ့ အလောင်းကိုတော့ စက်တင်ဘာ ၁၉ ရက်က ပြန်ရှာတွေ့ခဲ့တယ်” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက် နေ့လည် ၁ နာရီခန့်က အိမ်ဆောက်ရန် ဝါးလိုတဲ့အတွက် မြိုတိုင်းရင်းသားနှစ်ဦး ဝါးခုတ်သွားရာ ပြန်မလာသဖြင့် ရွာသားတွေနဲ့အတူ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တဦး လိုက်လံရှာဖွေရာ မြိုတိုင်းရင်းသားတဦးနဲ့အတူ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်တဦး ထပ်မံ ပျောက်ဆုံးခဲ့တာလို့ သိရပါတယ်။

“ တပ်တော်ရဲ့ တပ်ဖွဲ့ဝင် အလောင်းကို ပြန်ရှာတွေ့ပေမယ့် ရွာသား ၃ ဦးတော့ ရှာမတွေ့သေးဘူး။ ထပ်ပြီး လိုက်လံ ရှာဖွေနေကြတယ်” လို့ သူက ထပ်မံ ပြောပါတယ်။

မူဆလင် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်‌တွေက နယ်စပ်မှာရှိတဲ့ AA တပ်စခန်းတွေကို တိုက်ခိုက်ဖို့ ဒီရက်ပိုင်းအတွင်းက ဖိအားပေး တိုက်တွန်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ ဖိအားပေး တိုက်တွန်းချက်ထဲမှာ မောင်တောမြို့နယ် (ခွဲ) တခုဖြစ်တဲ့ တောင်ပြိုကို မရခဲ့ပါက တောင်ပြိုရဲ့ မြောက်ဘက်ခြမ်း နယ်စပ်တလျှောက်ကို မရှိ၊ ရှိတာတွေနဲ့ မရ၊ ရအောင်တိုက်ခိုက်ဖို့ ပြောဆိုထားတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်အကြာက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ အကြမ်းဖက် စစ်သွေးကြွတွေကို အစည်းအဝေးခေါ်ဆိုခဲ့ပြီး မူဆလင်လက်နက်ကိုင် ARSA၊ RSO အဖွဲ့ထဲ ဝင်ကြဖို့ တိုက်တွန်းပြောဆိုမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းက AA တပ်စခန်းတခုကို အကြမ်းဖက် စစ်သွေးကြွ မူဆလင် လက်နက်ကိုင်တွေ စက်တင်ဘာလ ၁၉ ရက် မနေ့က စတင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

Related posts

အမ်းတွင် စကမရဲ့ မိုင်းပေါက်ကွဲလို့ လူငယ်တဦး ဒဏ်ရာရ 

Rakhita Times

စစ်တွေမှာ ထင်းအစား လောင်စာတောင့်ကို အသုံးပြုလာနေကြ

Rakhita Times

စစ်တွေပြည်သူတွေကို ဒေါ်စောမြရာဇာလင်း ငွေးကြေးလှူဒါန်း

Rakhita Times

5 comments

Leave a Comment