အာရက္ခတိုင်းမ်စ် (၂၂ စက်တင်ဘာ ၂၀၂၅)
အကြမ်းဖက် စစ်ကော်မရှင်အနေနဲ့ ရက္ခိုင်ပြည်ကို ရွေးကောက်ပွဲမတိုင်ခင်၊ အစိုးရနဲ့ လွှတ်တော် မပေါ်ခင်အထိ ဒီအတိုင်း လွှတ်ထားမယ်လို့ ယူဆကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) က ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရက္ခိုင်ပြည်မှာ စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူမြို့တွေကလွဲပြီး ကျန်မြို့အားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် အကြမ်းဖက် စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်ကို လေကြောင်းနဲ့ တိုက်ခိုက်တာတွေ လုပ်နိုင်ပေမယ့် စစ်ရေးအရ ပြန်လည်ထိန်းချုပ်ဖို့ ပြင်ဆင်တဲ့အထဲမှာ ရက္ခိုင်ပြည်ကို ချွင်းချက်အနေနဲ့ ချန်ထားတယ်လို့ ယူဆကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) က ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ရက္ခိုင်ကိုတော့ လောလောဆယ် ရွေးကောက်ပွဲ မတိုင်ခင်ကာလပေါ့။ စစ်ရေးအရ ပြန်လည်ထိန်းချုပ်ဖို့ ပြင်ဆင်မှုထဲမှာ ရက္ခိုင်ကိုတော့ ချွင်းချက် ချန်ထားတယ်လို့ ယူဆရပါတယ်။ ဘာလို့ဆို ရက္ခိုင် case က နည်းနည်း ထူးခြားတာ ဖြစ်တယ်။ နောက် ရက္ခိုင်ရဲ့ issue ကလည်းပဲ ဒီထက် ကျယ်ဖို့ မရှိတော့ဘူး ရက္ခိုင်မှာက။ အထွဋ်အထိပ်ကို ရောက်နေပြီဆိုတော့ အချိန်တန်ရင် ရက္ခိုင်ရဲ့ issue ကို သပ်သပ် ကိုင်တွယ်ဖို့ သဘောရှိပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မတိုင်ခင်၊ နောက်ထပ် လွှတ်တော်၊ အစိုးရ မပေါ်ခင်တော့ ရက္ခိုင် issue ကိုတော့ ဒီတိုင်း လွှတ်ထားမယ်လို့ ယူဆပါတယ်။ ကျောက်ဖြူတို့၊ မာန်အောင်၊ ရမ်းဗြဲကျွန်းတို့၊ စစ်တွေတို့ကိုတော့ မကျအောင်ပေါ့လေ ဒါတွေကို ဆက်လက်ကာထားပြီးတော့ ရက္ခိုင်ကို သိမ်းထားတဲ့ AA အပေါ်မှာ တန်ပြန် ထိုးစစ်တွေ၊ တိုက်စစ်တွေ သူ့ရဲ့ ပထဝီအနေထားအရ ရွေးကောက်ပွဲ မတိုင်ခင်တော့ ဘာမှ လုပ်ဖို့ မရှိသေးဘူးလို့ မှန်းလို့ရတာပေါ့။ ယူဆလို့ရတာပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ အကြမ်းဖက် စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်က အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့အချို့ကို လေကြောင်းနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်လျက် ရှိနေတာပါ။
အကြမ်းဖက် စစ်ကော်မရှင်ဟာ စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ ကရင်တွေမှာတော့ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်းတွေနဲ့ပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြို့အချို့တို့ကို ပြန်လည် သိမ်းပိုက်ရယူနေတာ ဖြစ်ပါတယ်။
စစ်ကိုင်း၊ ရှမ်း၊ ကချင်၊ ကရင်တို့မှာ အကြမ်းဖက် စစ်ကော်မရှင်တို့ဘက်က မြို့အချို့ကို ပြန်လည် သိမ်းပိုက်ရယူနိုင်ပေမယ့် ရက္ခိုင်ပြည်မှာတော့ တမြို့မှ မရယူနိုင်တဲ့အပြင် မြေပြင် ထိုးစစ်ဆင်တာအစား လေကြောင်းနဲ့သာ တိုက်ခိုက်မှု ပြုလုပ်နေတာ ဖြစ်ပါတယ်။

1 comment
Помню когда кракен даркнет только запустился в 2022 году с базовым функционалом