NewsPolitic

ဘင်္ဂလား‌ဒေ့ရှ်မှာ ဆန္ဒပြတဲ့ ရက္ခိုင်မျိုးနွယ်စုဝင် ကျောင်းသားတွေကို အာဏာပိုင်တွေ ပစ်ခတ်ဖြိုခွင်း

အာရက္ခတိုင်းမ်စ်(၂၈ စက်တင်ဘာ၂၀၂၅)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခါဂရာချရီခရိုင် ဂုမ်မာရာ (Guimara) အမည်ရတဲ့ မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော်နေတဲ့ ရက္ခိုင်မျိုးနွယ်စုဝင် ကျောင်းသားတွေကို အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုးခွင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဆန္ဒဖော်ထုတ်ပွဲဟာ စစ်တကောင်းတောင်တန်းနယ်က ရက္ခိုင်မျိုးနွယ်စုဝင် အသက် ၁၂ နှစ်အရွယ် မရာမာကျောင်းသူကို ဘင်္ဂလီ ၃ ဦးက အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာရတဲ့ ဆန္ဒဖော်ထုတ်ပွဲ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တရားမျှတမှုရရှိရေး ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုမှုအပေါ် ဒေသအာဏာပိုင်တွေက အခုလို အကြမ်းဖက် နှိမ်နှင်းမှုတွေ ပြုလုပ်ခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းမှု‌ကြောင့် ကျောင်းသားလူငယ် ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အဲဒီအခြေအနေကို သိနေတဲ့ အဲဒီနိုင်ငံသားဒေသခံတစ်ဦးက အာရက္ခတိုင်းကို ပြောပါတယ်။

ဒေသခံတစ်ဦးက “ သေနတ်ပစ်ခံရလို့ တစ်ယောက်ကို ထိတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့လူတွေက များမယ်ထင်တယ်။ အသေအပျောက်တော့ မကြားရသေးဘူး။ Guimara မြို့နယ်က ဈေးလည်း မီးလောင်သွားပြီလို့ သိရတယ်။ ကျနော်တို့လည်း နောက်ဆက်‌တွဲ အခြေအနေကို စောင့်ကြည့်နေပါတယ်” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရက္ခိုင်မျိုးနွယ်စုဝင် ကျောင်းသားလူငယ်တွေ လမ်းပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြတဲ့ ရုပ်သံဖိုင်တခု စက်တင်ဘာလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ လူမှုကွန်ရက်ပေါ် ပျံ့နှံနေခဲ့ပါတယ်။

အဲဒီရုပ်သံဖိုင်မှာ ငြိမ်းချမ်းစွာ စုဝေး လမ်းလျှောက် ဆန္ဒဖော်ထုတ်နေကြတဲ့ ကျောင်းသားလူ‌ငယ်တွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သေနတ်ပစ် ဖြိုခွင်းသံကို ကြားနေရပြီး လူငယ်တွေ ကစဉ့်ကလျား ထွက်ပြေးနေကြတာကိုလည်း မြင်တွေ့နေရတာပါ။

ဒါ့အပြင် ဆန္ဒဖော်ထုတ်နေကြတဲ့ လူအုပ်ကို ပစ်ခတ် ရိုတ်နှက် ဖြိုခွင်းမှုကြောင့် ကျောင်းသားတချို့ ထိခိုက် ဒဏ်ရာရရှိထားတာကို ရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်း‌တွေအရ မြင်တွေ့ရပါတယ်။

စက်တင်ဘာလ ၂၇ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာလည်း ဆန္ဒပြကျောင်းသား‌တွေကို တုတ်၊ ဓား‌တွေနဲ့ ရိုက်နှိက် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျောင်းသား ၄ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

Related posts

အာရက္ခအားမာန် ရဲဘော်ကျော်ဟန် (၂၁)

Rakhita Times

ရှေ့တန်းက ဆုတ်ခွာလာသူတွေကို စစ်ကောင်စီအရာရှိတွေကပစ်သတ်တယ်လို့ AA ထံ အလင်းဝင်လာသူ ပြော

Rakhita Times

စစ်ကောင်စီကဖွဲ့စည်းတဲ့ သတင်းမီဒီယာကောင်စီအသစ်ကို IPCM နဲ့ IMJA ကန့်ကွက်

Rakhita Times

Leave a Comment