NewsPolitic

ဂွမြို့ကို စစ်ကောင်စီမှ အင်အား ၁၂၀၀ ကျော်ဖြင့် ခုခံသော်လည်း AA အလုံးစုံ သိမ်းပိုင်နိုင်ခဲ့

အာရက္ခတိုင်းမ်စ် (၃၀ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် ဂွမြို့ကို စစ်ကောင်စီမှ အင်အား ၁၂၀၀ ကျော်ဖြင့် ခုခံခဲ့ပြီး အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအင်အား ၇၀၀ ကျော် သေဆုံးခဲ့ပြီး ဂွမြို့နယ်တစ်ခုလုံးကို အပြည့်အဝသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

“တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူး နှစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး မျိုးညွန့်ဦး နဲ့ ဗိုလ်မှူးကြီး ကျော်ဇင်ထိုက်တို့ ပုံစံအမျိုးမျိုး နည်းလမ်းအသွယ်သွယ်ဖြင့် ခုခံခဲ့ပြီး လေကြောင်း ရေကြောင်း ပစ်ကူအပြင် သံချပ်ကာ ၁၀ စီးဖြင့် ခုခံကာကွယ်ခဲ့သော်လည်း နှစ်ပတ်အတွင်းတွင် အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့တယ်” လို့ အာရက္ခတပ်တော်က ဆိုပါတယ်။

အဆိုပါတိုက်ပွဲတွင် တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့နဲ့ အခြားအဆင့် အမြောက်အများ သေဆုံးခဲ့ပြီး အာရက္ခတပ်တော်မှ သံချပ်ကာအချို့၊ စစ်အသုံးအဆောင် လက်နက်ခဲယမ်းနဲ့ သုံံ့ပန်း အများအပြား ရရှိခဲ့တယ်လို့ သိရပါတယ်။

ဂွမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရန်အတွက် စစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၄) တပ်ရင်း၊ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းတွေဖြစ်ကြတဲ့ ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နဲ့ ခမရ (၂၁၇) တပ်ရင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် – နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်း နဲ့ ခမရ (၃၀၈) တပ်ရင်း တို့ကိုပါ တိုက်ခိုက်ခဲ့ရကြောင်း သိရပါတယ်။

ဂွမြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ ၁၅ ရက်က စတင်ကာ ဂွမြို့ အခြေစိုက် တပ်ရင်း နှစ်ခုဖြစ်တဲ့ ခမရ (၅၆၂) နဲ့ ခမရ (၅၆၃) တပ်ရင်းတို့ကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်ခဲ့ပြီး နှစ်ပတ်အကြာ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂ နာရီတွင် အဆိုပါ တပ်ရင်း နှစ်ရင်းလုံးကို ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

Related posts

မင်းပြားတွင် မိုးကြိုးပစ်ခံရလို့ ၁ ရက်တည်း ၂ ဦး သေဆုံး

Rakhita Times

တပ်မှူးချုပ် ထွန်းမြတ်နိုင်၏ ၄၆ နှစ်ပြည့် မွေးနေ့အပေါ် အာရက္ခပြည်သူတို့ရဲ့ ဆုတောင်းသံများ

Rakhita Times

ယိုးငူရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၁၈ ဦး အထိရှိလာ

Rakhita Times

26 comments

Leave a Comment