NewsPolitic

သံတွဲကို စကမ ထပ်မံ ဗုံးလာကြဲ

အာရက္ခတိုင်းမ်စ် (၂၀ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့ကို စစ်ကော်မရှင်က ထပ်မံ လာ‌ရောက်ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

“ နှစ်ခါ လာကြဲတယ်၊ ပထမအကြိမ်က တလုံး ဒုတိယအကြိမ်က လေး ငါး လုံး ဆက်တိုက်ပဲ” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် သံတွဲမြို့ကို စစ်ကော်မရှင်က စက်တင်ဘာလ ၂၇ ရက် ည ၈ နာရီခွဲခန့်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့လို့ စစ်ဘေးရှောင်ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ မနေ့က နေရာလောက် ကျတယ်လို့ထင်တယ်။ သေချာ မသိရသေးဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံ ပြောပါတယ်။

စက်တင်ဘာလ ၂၇ ရက်က စစ်ကော်မရှင်ရဲ့ သံတွဲမြို့ကို ပေါင် ၅၀၀ ဗုံး ကြဲချမှုကြောင့် သေဆုံးသွားသူမှာ မောင်ရွှေလေးရွာက အသက် ၄၄ နှစ် အရွယ် ဦးညီညီ ဖြစ်ပြီး ဒဏ်ရာရရှိသူတွေကတော့ မောင်ရွှေလေးရွာက အသက် ၆ နှစ် အရွယ် မောင်သန့်ဇင်ဖြိုး၊ အသက် ၁၄ နှစ် အရွယ် မောင်အောင်သီဟဖြိူး၊ အသက် ၃၇ နှစ် အရွယ် ဒေါ်ခင်ခင်ဌေး (ကိုယ်ဝန်ဆောင်မိခင်)၊ အသက် ၄၂ နှစ် အရွယ် ဦးထွန်းနေမင်း၊ အသက် ၃၂ နှစ် အရွယ် မချိုချိုဝင်း နဲ့ ညောင်ပင်ဈေးနေ အသက် ၅၄ နှစ် အရွယ် ဒေါ်မပုလေး တို့ပဲ ဖြစ်ပါတယ်။

Related posts

စစ်တွေမှာ MPT ငွေဖြည့်ကဒ်တွေ ဝယ်ယူရ ရှားပါးနေ

Rakhita Times

စစ်တွေကနေ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီ ပစ်ခတ်နေ

Rakhita Times

ပုဏ္ဏားကျွန်း၊ ပေါက်တော နဲ့ မြောက်ဦးကို စကမ ဗုံးကြဲနေ

Rakhita Times

Leave a Comment