အာရက္ခတိုင်းမ်စ် (၃၀ စက်တင်ဘာ ၂၀၂၅)
စစ်တကောင်းတောင်တန်းနယ်က ရက္ခိုင်မျိုးနွယ်စုဝင် အသက် ၁၂ နှစ်အရွယ် မရာမာကျောင်းသူကို ဘင်္ဂလီ ၃ ဦးက အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခါဂရာချရီခရိုင် ဂုမ်မာရာ (Guimara) အမည်ရတဲ့ မြို့နယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ရက္ခိုင်မျိုးနွယ်စုဝင် ကျောင်းသားတွေကို အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်တကောင်းကျောင်းသားသမဂ္ဂနဲ့ တောင်တန်းနယ်ပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂ ထုတ်ပြန်လိုက်ပါတယ်။
“ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ယခင်ဝန်ကြီးချုပ် ရှိတ်ဟစီန ဦးဆောင်သော အစိုးရအဖွဲ့ကို ဖြုတ်ချသည့် လူထုအုံကြွမှုတွင် ဘင်္ဂလားဒေ့ရှ်စစ်တပ်သည် သေနတ်တစ်ချက်မှ မဖောက်ခဲ့ဘဲ စစ်တကောင်းတောင်တန်းနယ် လူ့အခွင့်အရေးအား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆိုပွဲကို သေနတ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်း၊ တရားမျှတမှုရရှိရေး ဆန္ဒထုတ်ဖော်တောင်းဆိုသော စစ်တကောင်းတောင်တန်းဒေသ ကျောင်းသားပြည်သူလူထုများကို ရန်စအကြမ်းဖက်မှု ပြုလုပ်သော လူမျိုးရေးအစွန်းရောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများအား တားဆီးဟန့်တားခြင်းမပြုဘဲ ၎င်းတို့နှင့်အတူ ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် ပူးပေါင်း၍ အကြမ်းဖက်ဖြိုခွင့်နှိမ်နှင်းခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်ခြင်းသည် လူသားမျိုးနွယ်အပေါ် ခွဲခြားဆက်ဆံရှင်းလင်းသုတ်သင်ရန် အားထုတ်သည်မှာ ငြင်းမရသော အချက်ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။
တရားမျှတမှုရရှိရေး ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုမှုအပေါ် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းမှုကြောင့် ကျောင်းသားလူငယ် ၄ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မတရားပြုကျင့်ခံရတဲ့ မရမာလူမျိုး ၈ တန်းကျောင်းသူအတွက် အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှု ရရှိရေးကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ စစ်ရာဇဝတ်မှုမြောက် ကျူးလွန်တာခံရတာ စစ်တကောင်းတောင်တန်းနယ် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုအခွင့်အရေးအတွက် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအနေနဲ့ ဆက်လက်ရပ်တည် ပါဝင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ဒီလိုမျိုးဖြစ်စဥ်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရတဲ့အချိန်ကနေ အခုချိန်ထိ ဖြစ်နေပြီး ၁၉၉၆ မှာ ဌာနေတိုင်းရင်းသူ အမျိုးသမီးငယ်ကို ဘင်္ဂလားဒေ့ရှ်စစ်သားတွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေက အတင်းအဓမ္မ မုဒိမ်းပြုကျင့်ခဲ့တာ၊ ၂၀၀၃ ခုနှစ်မှာ မဟာလ်ချရီ ဌာနေတိုင်းရင်းသားကျေးရွာတွေ မီးရှို့ခံရတာနဲ့ အမျိုးသမီးငယ်တွေကို အတင်းအဓမ္မ မုဒိမ်းကျင့် အကြမ်းဖက်ခံရတာ၊ ၂၀၁၄ ခုနှစ်မှာ ရန်ဂါမတီဖြစ်စဥ်တွေ စတဲ့ ဖိနှိပ်မှုတွေနဲ့ အစဥ်မပြတ် ကြုံတွေ့ခံစားခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တကောင်းတောင်တန်းနယ်က ရက္ခိုင်မျိုးနွယ်စုတွေ၊ မွတ်ဆလင်မဟုတ်တဲ့ တခြားလူမျိုးစုတွေအပြင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ ဖိနှပ်ခံရတာ၊ လူမျိုးရေး ခွဲခြားခံရတာ၊ ညစ်ညမ်းအကြမ်းဖက်ခံရတာ၊ မြေယာအဓမ္မသိမ်းခံရတာ၊ ကိုးကွယ်ယုံကြည်တဲ့ ဘာသာရေးနဲ့ ဘာသာရေးအဆောက်အဦးတွေ ဖျက်ဆီခြိမ်းခြောက်ခံတာတွေ အပါအဝင် ဖိနှိပ်မှုမျိုးစုံနဲ့ ကြုံတွေ့ခံစားနေကြရတာ ဖြစ်ပါတယ်။
ဒီဖိနှိပ်မှုတွေနဲ့ လူ့အခွင့်ရေးချို့ဖောက်တာ လက်ရှိ မုဒိမ်းမှုနဲ့ အကြမ်းဖက်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရအဆက်ဆက် လက်ရှိ ယာယီဝန်ကြီးချုပ် ဒေါက်တာမိုဟာမတ်ယူနွတ်စ် ဦးဆောင်တဲ့ အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် အဆင့်မြင့်အရာရှိတွေရဲ့ အစ္စလာမ်မစ် အစွန်းရောက်ဝါဒကို လက်ခံကျင့်သုံးတာ ဒါမှမဟုတ် စစ််တကောင်းတောင်တန်းဒေသ အကြမ်းဖက်မှုမှာ ဒေါက်တာ ယူနွတ်စ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မွတ်ဆလင်မဟုတ်တာကြောင့် မျက်ကွယ်ပြုထားတယ်လို့ ရှုမြင်ကြောင်း ရက္ခိုင်ပြည် ကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂ အသိအမှတ်ပြု ခန့်အပ်ထားခံရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရ ဒေါက်တာမိုဟာမတ်ယူနွတ်စ် ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စစ်တကောင်းကျောင်းသားနယ် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက်နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖြေရှင်းတာက ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသား အခွင့်အရေးကြေငြာစာတမ်းတွေကို ချိုးဖောက်တာဖြစ်လို့ မုဒိမ်မှု ကျူးလွန်သူတွေနဲ့ အကြမ်းဖက်ဖြိုခွင်းတဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ် အရာရှိအဆင့်ဆင့်ကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရှေ့မှောက်မှာ အရေးယူပေးဖို့ ရက္ခိုင်ပြည် ကျောင်းသားများသမဂ္ဂက တိုက်တွန်းထားပါတယ်။

8 comments
Продажа тяговых https://faamru.com аккумуляторных батарей для вилочных погрузчиков, ричтраков, электротележек и штабелеров. Решения для интенсивной складской работы: стабильная мощность, долгий ресурс, надёжная работа в сменном режиме, помощь с подбором АКБ по параметрам техники и оперативная поставка под задачу
Официальная торговая платформа на кракен маркетплейс с escrow системой для защиты интересов покупателей и продавцов
Продажа тяговых ab-resurs.ru аккумуляторных батарей для вилочных погрузчиков и штабелеров. Надёжные решения для стабильной работы складской техники: большой выбор АКБ, профессиональный подбор по параметрам, консультации специалистов, гарантия и оперативная поставка для складов и производств по всей России
смотреть фильмы онлайн 2025 смотреть фильмы онлайн бесплатно в хорошем качестве
новый сервис рассылки сервис емейл рассылок россия
задвижка 30с41нж ду100 ру16 задвижки 30с41нж
Hello pals!
I came across a 153 valuable resource that I think you should take a look at.
This resource is packed with a lot of useful information that you might find valuable.
It has everything you could possibly need, so be sure to give it a visit!
https://decoratoradvice.com/decorative-art-and-its-significance/
Furthermore don’t overlook, everyone, which one always may in the publication find answers to your the absolute tangled inquiries. We made an effort — explain all data in an extremely easy-to-grasp way.
Hello .!
I came across a 153 great tool that I think you should visit.
This site is packed with a lot of useful information that you might find insightful.
It has everything you could possibly need, so be sure to give it a visit!
https://peaceloaded.com/the-best-documentaries-for-game-lovers/
Additionally remember not to forget, guys, — a person at all times can inside this publication locate solutions to your the very tangled inquiries. Our team attempted to explain all of the information in the very accessible method.