BusinessHealthNewsPolitic

အိန္ဒိယမှ နီပါဗိုင်းရပ်စ် ကူးစက်ခံရမှာကို ပလက်ဝဒေသခံတွေ စိုးရိမ်နေ

အာရက္ခတိုင်းမ်စ် (၂၈ ဇန်နဝါရီ ၂၀၂၆)

လတ်တလောတွင် အိန္ဒိယနိုင်ငံမှာ ကူးစက်မှု မြင့်မားနေတဲ့ နီပါဗိုင်းရပ်စ်ရောဂါ ပလက်ဝဒေသကို ပျံ့နှံ့လာပြီး ကူးစက်ခံရမှာကို စိုးရိမ်နေကြတယ်လို့ ပလက်ဝဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပလက်ဝဒေသဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသတခုဖြစ်ပြီး လက်ရှိ ရက္ခိုင်ပြည်ရဲ့ ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းအတွက် အဓိကကျနေတဲ့ နေရာဒေသတခုလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည်က ရက္ခိုင်ကုန်သည်တွေဟာ မီဇိုရမ် – ပလက်ဝ ရေလမ်းကြောင်းကို အသုံးပြုပြီးတော့ အိန္ဒိယနိုင်ငံက ကုန်စည်တွေကို ရက္ခိုင်ထဲ တင်သွင်းနေကြတာလည်း ဖြစ်ပါတယ်။

မီဇိုရမ် – ပလက်ဝ နယ်စပ်ကုန်သွယ်ရေးမှာ တင်းတင်းကြပ်ကြပ် စစ်ဆေးတာမျိုး မရှိတာကြောင့် နီပါဗိုင်းရပ်စ်ဟာ အလွယ်တကူ ကူးစက်ပျံ့နှံ့လာနိုင်တယ်လို့ ပလက်ဝဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုက ကျနော်တို့ ပလက်ဝနဲ့ အိန္ဒိယက ကြားဂိတ်တွေလည်း မရှိဘူး။ အစစ်အဆေးလည်း မရှိတော့ ဝင်ချင်တာဝင် ထွက်ချင်တာထွက်၊ နောက်ပြီးတော့ ချင်းပြည်နယ်ကနေ ရက္ခိုင်ကုန်သည်တွေက သွားတော့ မမျှော်လင့်တဲ့ ဟိုဘက်ကနေ ပါလာရင် ကူးစက်ဖို့တော့ ရက္ခိုင်တော့ ပိုများတာပေါ့နော်။ အဲဒါကို နယ်စပ်ဂိတ်တွေမှာ နည်းနည်း အတားအဆီးတွေ လုပ်ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ အိန္ဒိယဘက်က လုပ်ပေးမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်မြန်မာပြည်ဘက်က လုပ်မယ်ဆိုရင်လည်း ကျနော်တို့က ဘယ်သူ့ကို ဆရာခေါ်ရမှန်းမသိ အဲဒီလို ဖြစ်နေတာ။ လုပ်ပေးသင့်တယ် ဘာလို့ဆို ကုန်သည်တွေက လက်ရှိက လာနေတော့ လူတွေကနေ ကူးစက်တတ်တယ်ဆိုတော့လေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ကာလမှာ ပလက်ဝဒေသဟာ ရက္ခိုင်ပြည်က စစ်တွေ၊ ကျောက်တော်နဲ့ တခြားမြို့နယ်တွေကို ကျန်းမာရေး သွားရောက်ကုသဖို့ လွယ်ကူပေမယ့် လက်ရှိကာလဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကာလဖြစ်တာကြောင့် နီပါဗိုင်းရပ်စ် ပျံ့ပွားလာရင်တောင် ကုသဖို့ မလွယ်ကူနိုင်ဘူးလို့ ပလက်ဝဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အရင်တုန်းကတော့ အစိုးရလည်း ရှိတယ်။ ထိန်းချုပ်တာလည်း ရှိတယ်။ ကျန်းမာရေးဌာနလည်း ရှိတယ်။ နောက်ပြီးတော့ လူနာတခုခု ဖြစ်လို့ရှိရင် ပို့ဆောင်ပေးတဲ့ လမ်းကြောင်းလည်း ရှိတယ်။ အခုကတော့ အဲဒီလမ်းကြောင်းလည်းမရှိ လမ်းတွေလည်း ပိတ်ဆို့တော့ ဖြစ်ရင်တော့ ခံရဖို့ပဲ ရှိတော့တယ်။ ကူးစက်ဖို့ပဲ ရှိတော့တာ။ ကြိုတင်ကာကွယ်ဖို့နဲ့ ကုသဖို့ဆိုတာ မရှိတော့ဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရရဲ့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နီပါဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အထူးသတိပြုကြဖို့၊ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာ၊ ကူးစက်နိုင်တဲ့ပုံစံနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေနဲ့အတူ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ရောဂါလက္ခဏာတွေအနေနဲ့ ဖျားတာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ လည်ချောင်းနာတာ၊ မူးဝေတာ၊ ဦးနှောင်ရောင်တာနဲ့ တက်တာတွေကို ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

ကူးစက်နိုင်တဲ့ ပုံစံတွေကတော့ လင်းနို့ကိုက်ထားတဲ့ အသီးအနှံတွေ၊ တံတွေး၊ ဆီးနဲ့ အညစ်အကြေးတွေကနေတဆင့် ကူးစက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Related posts

အမ်းမှ ထွက်ပြေးလာသော ဗိုလ်မှူး အပါအဝင် ၁၄ ဦး ဖမ်းမိ၊ ၂ ဦး အသေရ

Rakhita Times

စစ်တွေမြို့တပ်ရင်းကနေ ပစ်တဲ့လက်နက်ကြီးကြောင့် ပေါက်တောက ၅ နှစ်အရွယ် ကလေးငယ် သေဆုံး

Rakhita Times

ဇန်နဝါရီလ တလအတွင်း ရက္ခိုင်တွင် စစ်သုံ့ပန်း ၃၄ ဦးဖမ်းမိ အလင်းဝင်သူ ၂ ဦးရှိ

Rakhita Times

14 comments

sibze.ru ဧပြီ 14, 2026 at 10:20 မနက်

References:

Online Casino Echtgeld Sofortüberweisung

References:
http://www.bmw-workshop.com/member.php?action=profile&uid=29870

Reply
postheaven.net ဧပြီ 15, 2026 at 8:09 ညနေ

References:

500 club casino

References:
https://ryu-ga-index.com:443/index.php?bertramlerche159673

Reply
notes.bmcs.one ဧပြီ 15, 2026 at 8:50 ညနေ

References:

Casino montelago

References:
https://notes.bmcs.one/s/aRR6AlZb0F

Reply
https://notes.bmcs.one/s/yJLRqm4nGB ဧပြီ 15, 2026 at 10:30 ညနေ

References:

Best steroids for mass

References:
https://ibsen-higgins.thoughtlanes.net/trenbolone-where-to-buy

Reply
crowdsharon8.bravejournal.net ဧပြီ 16, 2026 at 8:19 မနက်

References:

Top rated high roller casinos

References:
https://peatix.com/user/29378695/view

Reply
powers-fischer-3.federatedjournals.com ဧပြီ 16, 2026 at 9:57 မနက် Reply
https://md.swk-web.com/s/2HGTt1VGr ဧပြီ 16, 2026 at 11:30 မနက်

References:

Online Casino Echtgeld Schleswig Holstein

References:
https://topsitenet.com/profile/angorafiber7/1617856/

Reply
http://www.shkxrd.com/ မေ 7, 2026 at 1:05 မနက်

References:

Spa moncton

References:
http://www.shkxrd.com:3000/jacksondelany8

Reply
kimnpark.net မေ 7, 2026 at 6:41 မနက်

References:

Emerald queen casino tacoma

References:
kimnpark.net

Reply
git.cyberuk.me မေ 7, 2026 at 6:41 မနက်

References:

Pink floyd live in venice

References:
git.cyberuk.me

Reply
289a6fl1aq39i.com မေ 7, 2026 at 8:37 မနက် Reply

Leave a Comment