NewsPolitic

ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီး သံတောမြို့မှာ ငလျင် လှုပ်ခဲ့

အာရက္ခတိုင်းမ်စ် (၅ အောက်တိုဘာ ၂၀၂၅)

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီး အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းက အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၄ ရက် ည ၁၁ နာရီ ၄၅ မိနစ်မှာ မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ကို ဗဟိုပြုပြီးတော့ သဲတောမြို့မှာ ငလျင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။

“အိပ်မလို့ လုပ်နေတဲ့အချိန် ဒုန်းဆိုပြီး အိမ်တွေပါ ခါရမ်းသွားတာ ။ ဒီတစ်ခါ အိမ်ပြိုပြီထင်နေတာ ။ အရှိန်လဲပါသလို အချိန်လဲ ကြာတယ်” လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာ မတ်လ ၂၈ ရက်နေ့က ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းမှာလည်း အင်အားအသင့်အတင့်နဲ့ အင်အားငယ် ငလျင်တွေဟာ အခုချိန်ထိ ဆက်တိုက် လှုပ်ခတ်နေလျက်ရှိပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် နောက်ဆက်တွဲမြေငလျင်ငယ်တွေ လှုပ်ခတ်မှုဟာ စက်တင်ဘာ ၁၀ ရက် ညပိုင်းအထိ (၂၃၀)ကြိမ်ရှိပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

ထိုင်းမှ ခင်ပွန်းဖြစ်သူကို ဇနီးဖြစ်သူက ဆက်သွယ်ခြင်း

Rakhita Times

ပုဏ္ဏားကျွန်း နဲ့ ရသေ့‌တောင်မြို့နယ်ကို စကမ ထပ်မံဗုံးကြဲ

Rakhita Times

အရိပ်ဖြူ လောက်ကောင်

Rakhita Times

145 comments

Leave a Comment