NewsPolitic

သံတွဲကို စကမ လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်

အာရက္ခတိုင်းမ်စ် (၁၀ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကော်မရှင်က လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ ဒီနေ့မနက်က Y12 နဲ့လာပြီး ဗုံး ၃ လုံးကြဲသွားတယ်။ ချောင်းဖျားဖက်ကျတယ်။ နေရာအတိအကျနဲ့ အသေအပျောက်တော့ မသိရသေးဘူး” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အလားတူ ငပလီကမ်းခြေဖက်ကို စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ ဒီမနက်ကဆို လှမ်းမြင်ရတာ ၇ စီးလောက်ရှိတယ်။ ဘယ်ကို ပစ်တယ်တော့ မသိဘူး။ ၁၀ ခါလောက် ပစ်သံကြားရတယ်။ အဝေးကြီးက လှမ်းပစ်တာဆိုတော့ ကုန်းပေါ်တော့ မကျဘူး။ ကြည့်ရသလောက် မောင်ရွှေလေး နဲ့ ဆင်ခေါင်းဖက်ကို ပစ်တာလို့ ထင်တယ်” လို့ ငပလီမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ နေဗီ ၇ စီးခန့်ကို မြင်တွေ့နေရတာကြောင့် သံတွဲမြို့နယ်ဒေသခံတွေဟာ ပင်လယ်ထဲကို ငါးဖမ်းရန် မထွက်ရဲလို့ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

အောက်တိုဘာလ ၉ ရက်ကလည်း Y12 လေယာဉ်ဟာ သံတွဲမြို့ပေါ် ကင်းလှည့်နေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာကို ရှောင်တိမ်းနေကြတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

Related posts

မာန်အောင်တွင် ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေကို စကမ အရာရှိနဲ့ အောက်ခြေတပ်ဖွဲ့များ ခွဲဝေယူနေတဲ့အတွက် ဖမ်းဆီးမှု ပိုတိုးလာ

Rakhita Times

တရုတ်ကြားဝင်စေ့စပ်မှုအရ တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းမယ်လို့ MNDAA ပြော

Rakhita Times

ကလေးမြို့ နဲ့ ချင်းပြည်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းရတဲ့ ဆင်းကဒ်ကို ကျပ် ၅၀၀၀၀ ပေးဝယ်နေရ

Rakhita Times

Leave a Comment