NewsPolitic

အမ်းမြို့ကို စကမ ဗုံးကြဲ၊ ကလေးငယ်တဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် အမ်းမြို့ကို စစ်ကော်မရှင်က အောက်တိုဘာလ ၂၆ ရက် ညနေ ၃ နာရီခန့်က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံး နှစ်လုံးကြဲချခဲ့လို့ ကလေးငယ်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ ဒဏ်ရာရတဲ့ ကလေးက အသက် ၉ နှစ်ပဲ ရှိသေးတယ်။ ၃ တန်း ကျောင်းတက်နေတာ။ ချင်းတိုင်းရင်းသား” လို့ အမ်းမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ကြဲချခဲ့လို့ ဒဏ်ရာရရှိသွားသူကတော့ ဦးသန်းမောင်ရဲ့သားဖြစ်သူ အသက် ၉ နှစ်အရွယ် ဆလိုင်းသိန်းဇော်သန်း ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ရဲ့ ဗုံး နှစ်လုံးအနက် တလုံးက မြို့ဟောင်းရပ်ကွက်က ဦးသန်းမောင်နေအိမ်ကို ကျရောက်ပေါက်ကွဲပြီး နောက်တလုံး ကျရောက်တဲ့နေရာကို မသိရှိသေးပါဘူး။

ဗုံးစများ ခန္ဓာကိုယ်တွင် ထိမှန်သွားပြီး ဒဏ်ရာရရှိခဲ့တဲ့ ဆလိုင်းသိန်းဇော်သန်းကို လက်ရှိတွင် အရေးပေါ်ဆေးကုသမှု ပေးနေတယ်လို့ သိရပါတယ်။

Photo – APM

Related posts

စကမ က ရက္ခိုင်ကို ရွေးကောက်ပွဲမတိုင်ခင်အထိ ဒီတိုင်းလွှတ်ထားနိုင်

Rakhita Times

AA က မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်

Rakhita Times

ဖက်ဒရယ်ဒီမိုကရေစီ မြန်မာနိုင်ငံဖြစ်လာအောင် ဆက်လက်ကြိုးပမ်းဖို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်း သ‌ဘောတူ

Rakhita Times

2 comments

Leave a Comment