NewsPolitic

တောင်ကုတ် မဟော်သဓာကျောင်းကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၅)

ရက္ခိုင်ပြည် တောင်ကုတ်မြို့ရှိ မဟော်သဓာအခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းကို ဒီကနေ့ ည ၇ နာရီခွဲက စစ်ကော်မရှင်မှ လာရောက် ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

“ ပေါင် ၅၀၀ ဗုံးတလုံး ကြဲသွားတာ။ လူမနေတော့ အသေအပျောက်တော့ မရှိဘူး။ ကျောင်းအဆောက်အအုံတော့ ပျက်စီးသွားတယ်” လို့ တောင်ကုတ်မြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ဗုံးကြဲခဲ့တဲ့ မဟော်သဓာအခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းဟာ တောင်ကုတ်မြို့ မီးချောင်းထိုးရွာအနီးမှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

အဆိုပါ မဟော်သဓာအခမဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းဟာ မဘသကျောင်းလို့ နာမည်ကြီးသလို ရက္ခိုင်ခရိုနီ ဦးကျောက်တောင် ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo – ONN

Related posts

သံတွဲ၊ တောင်ကုတ်၊ မအီ နဲ့ ကျောက်ဖြူ မိုးအလွန်များနိုင်

Rakhita Times

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times

စကမက ကျန်ဒေသတွေထက် ရှမ်းမြောက်ကိုပဲ အဓိကအာရုံစိုက်နေ

Rakhita Times

1 comment

Leave a Comment