NewsPolitic

စစ်ကော်မရှင် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ပေါက်တောပြည်သူစာရင်း

အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေအခြေစိုက် စစ်ကော်မရှင်ရဲ့ ရေတပ်စခန်းနဲ့ အမှတ် (၁၂) ရဲတပ်ရင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပေါက်တောမြို့နယ်က ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သူတို့ကတော့ ပေါက်တောမြို့နယ် သားရဲရွာက ကလေးငယ်များဖြစ်တဲ့ အသက် ၂ နှစ် အရွယ် မောင်ရွှေတိုး၊ အသက် ၃ နှစ် အရွယ် မောင်ထွန်းမင်းစိုး နဲ့ အသက် ၁၈ နှစ် အရွယ် မောင်ကျော်ကျော်လင်း၊ အသက် ၂၃ နှစ် အရွယ် မရွှေဝင်း၊ အသက် ၆၀ အရွယ် ဒေါ်လှကျော့်နု နဲ့ ပေါက်တောမြို့ အမှတ် ၁ ရပ်ကွက်က အသက် ၅၈ နှစ် အရွယ် ဦးကျော်လှစိန် တို့ ဖြစ်ပါတယ်။

“ ကျတာက ၄ လုံး၊ ၄ လုံးမှာ ၃ လုံးက ကျောက်ဆိပ်ရွာနားကို ကျတယ်။ နောက် ၁ လုံးက သားရဲရွာ လမ်းဆုံးနားကို ကျတယ်” လို့ ပေါက်တောမြို့‌ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက်နေ့ကလည်း ပေါက်တောမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လမ်းသွား၊ လမ်းလာ အမျိုးသမီးတဦးနဲ့ အမျိုးသားနှစ်ဦးတို့မှာ ဒဏ်ရာရရှိသွားခဲ့ကြပါတယ်။

Photo – APM (ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်)

Related posts

ပလက်ဝက မီးလောင်သွားတဲ့ အိမ်ထောင်စုတွေကို HDCO အရေးပေါ် ပစ္စည်း ထောက်ပံ့

Rakhita Times

ရက္ခိုင်မှာ မိုးဆက်ကြီးနိုင်

Rakhita Times

မင်းပြားတွင် နေအိမ်တဆောင်မီးလောင်

Rakhita Times

4 comments

Leave a Comment