အာရက္ခတိုင်းမ်စ် (၂၅ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်ကို ဒီကနေ့ မနက်က ဗုံးကြဲချခဲ့လို့ စစ်ဘေးရှောင်ပြည်သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
“ မနက်အစောကြီးမှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားတာ” လို့ ကျောက်ဖြူမြို့နယ် ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ် တောင်းကြီးရင်းရွာ နဲ့ ချောင်းဖျားရွာကို ဗုံးကြဲချခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်ကို နေ့စဉ်ရက်ဆက်ဆိုသလို လေကြောင်း၊ ရေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Photo – APM

4 comments