NewsPolitic

ရွေးကောက်ပွဲက အရွေ့တခု အမှန်တကယ် မလှမ်းနိုင်

အာရက္ခတိုင်းမ်စ် (၂၄ နိုဝင်ဘာ ၂၀၂၅)

စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲဟာ အရွေ့တခုကို အမှန်တကယ် မလှမ်းနိုင်ပေမယ့် လုပ်ပိုင်ခွင့်ကို လူတဦးတယောက်တည်းက ကိုင်ထားတဲ့အစား မျှတမှု ရှိသွားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အမှန်တကယ်ကြီးတော့ မလှမ်းနိုင်ပါဘူး။ သို့သော်လည်းပဲ check and balance တော့ ရသွားတာပေါ့။ အခု လက်ရှိမှာတော့ တနေရာတည်းမှာ လုပ်ပိုင်ခွင့်အားလုံးကို စုပုံထားတဲ့အခါကြတော့ နည်းနည်း အခက်အခဲ ရှိတာပေါ့ လုပ်ရ ကိုင်ရတာ။ သို့သော်လည်းပဲ နောက်ပိုင်းမှာ လွှတ်တော်အစုအဖွဲ့ ပေါ်လာမယ်၊ သမ္မတ ဦးဆောင်တဲ့အစိုးရ အစုအဖွဲ့ ပေါ်လာမယ်၊ ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ တပ်မတော် အစုအဖွဲ့ ရှိမယ်။ ဒီအစုအဖွဲ့တွေက institution ပေါ့။ သီးခြား institution တွေ ဖြစ်လာရင်တော့ check and balance လေးတော့ ပေါ်လာနိုင်တာပေါ့။ အခုကတော့ အားလုံးက တနေရာတည်း ဖြစ်နေတော့ check and balance က မရှိဘူးလေ ဘာလုပ်လုပ်။ မရှိတဲ့အခါကြတော့ ရွေးကောက်ပွဲပြီးရင်တော့ check and balance လုပ်တဲ့ system တွေတော့ ပြန်ပေါ်လာနိုင်တာပေါ့။ အဲဒီလိုတော့ ယူဆရပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှာ စတင် ကျင်းပသွားမှာပါ။

ဒါ့အပြင် အပိုင်း (၂) ကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့နဲ့ အပိုင်း (၃) ကိုတော့ ဇန်နဝါရီ ၂၅ ရက်နေ့လောက်မှာ ကျင်းပသွားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲကို မြို့နယ် အများအပြားမှာ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စစ်ကော်မရှင်ဟာ တရုတ်အကူအညီနဲ့ နယ်မြေတွေ ပြန်လည် တောင်းထားသလို စစ်ရေးအရလည်း ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာနေပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွေကိုတော့ ရွေးကောက်ပွဲအပြီး မဲရလဒ်တွေ ထွက်လာမှ ပြန်လည်စဉ်းစားလာနိုင်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲရယ်၊ ရွေးကောက်ပွဲ လုပ်မယ့်နေရာတွေ တည်ငြိမ် အေးချမ်းမှုရအောင် ကြိုးပမ်းနေတာတွေ တွေ့တော့ ပထမအသုတ်ပေါ့လေ။ ရွေးကောက်ပွဲ ဒီဇင်ဘာ ၂၈ ပထမအသုတ်ကို အောင်မြင် ပြီးစီးအောင် လုပ်စေချင်တဲ့ သဘောတွေ ပိုတွေ့ရပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုတော့၊ ဆွေးနွေးပွဲ လုပ်ငန်းစဉ်ကိုတော့ ခဏ ထားနိုင်ပါသေးတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးပြတ်အောင် လုပ်ပြီးတော့ ဇန်နဝါရီလ ၁၁ ရက်နေ့ ဒုတိယအကျော့ပေါ့လေ ရွေးကောက်ပွဲအတွက် လာမယ်။ ပြီးရင်တော့ ဖေဖော်ဝါရီ လကုန်လောက်မှာဆိုရင် ရွေးကောက်ပွဲ ရလဒ်တွေက အကုန်လုံးပေါ်လာပြီးတော့ အဲဒီအခါကြမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဘက်ကို နည်းနည်းလေး စဉ်းစားလာနိုင်တယ်လို့ ထင်ပါတယ်” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ လူထု ထောက်ခံမှု အားကောင်းတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်အမျိုးသားပါတီ (ANP) တို့ မပါဝင်ဘဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅၀၂၃ ဦးအနက် ၈၆ ဦးကိုတော့ ဥပဒေနဲ့ မကိုက်ညီလို့ ပယ်ဖျက်ခဲ့ပါတယ်။

Related posts

ရက္ခိုင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးနေသလို၊ စည်းကမ်းလိုက်နာရန် လုပ်ဆောင်နေ

Rakhita Times

ရက္ခိုင်မှာ ဆေးတက္ကသိုလ်ဖွင့်မယ်လို့ ဗိုလ်ချုပ်ပြော

Rakhita Times

ပလက်ဝတွင် AA က ကလေးငယ်များကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပေး

Rakhita Times

7 comments

Timothyadvex မတ် 27, 2026 at 12:35 မနက် Reply
WilliamTug မတ် 27, 2026 at 12:55 မနက် Reply
ArlenTaure မတ် 27, 2026 at 12:56 မနက် Reply
Robertnot မတ် 27, 2026 at 12:56 မနက် Reply
1win_rlMi မေ 14, 2026 at 5:45 မနက်

1win crash qoidalari 1win39427.help

Reply
1win_zkMi မေ 14, 2026 at 11:07 မနက်

1win mines qoidalari http://www.1win39427.help

Reply
WilliamNic ဩဂုတ် 6, 2026 at 6:44 ညနေ

Многие люди, столкнувшись с проблемой алкогольной зависимости у родственника, пытаются справиться с похмельным синдромом при помощи аптечных сорбентов или народных методов. Однако при выраженной абстиненции такой подход неэффективен и опасен. Обезвоживание, нарушение электролитного баланса, сильные головные боли, головокружение и критическая нехватка витамина B1 требуют немедленного парентерального вмешательства. Только капельница от запоя способна за короткий срок восполнить дефицит жидкости, нормализовать сердечную деятельность и снять психоэмоциональное возбуждение, успокаивая нервную систему. Врачи центра работают круглосуточно, чтобы начать лечение максимально быстро. Оптимальный вариант купирования запоя — инфузионное вливание, которое проведет опытный нарколог, учитывая все особенности организма пациента.
Получить больше информации – stoimost-kapelnicy-ot-zapoya

Reply

Leave a Comment