NewsPolitic

ရက္ခိုင်နွားကုန်သည်တွေရဲ့ နွား ၈ ကောင်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ခိုးသွား

အာရက္ခတိုင်းမ်စ် (၃၀ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီးရှိ ရက္ခိုင်ပြည် မောင်တောမြို့နယ်က ရက္ခိုင်ကုန်သည်တွေ ပိုင်ဆိုင်တဲ့ နွား ၈ ကောင်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB က နယ်စပ်ဖြတ်​ကျော်ပြီး ခိုးယူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်က ဘင်္ဂလား‌ဒေ့ရှ်နယ်ခြားစောင့်တပ် BGB က နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး နွားအကောင်ရေ ၈ ကောင်ကို ခိုးယူသွားတာ ဖြစ်ပါတယ်။

ရက္ခိုင်နယ်စပ် မောင်တောအခြမ်းရှိ BP (၅၀) နဲ့ BP (၅၁) အကြားမှာ ရက္ခိုင်နွားကုန်သည်တွေက ဘင်္ဂလားဒေ့ရှ်ဘက်က ကုန်သည်တွေနဲ့ မွေးမြူရေး အရောင်းအဝယ် လုပ်ဖို့အတွက် နွားကောင်ရေ ၁၀၀ ကျော်နှင့်အတူ စောင့်ဆိုင်းနေတုန်း BGB တပ်ဖွဲ့ဝင် ၅ ဦးက ရက္ခိုင်ပိုင်နက်ထဲသို့ ဝင်‌ရောက်ပြီး နွား ၈ ကောင်ကို အတင်းအဓမ္မလုယူသွားတယ်လို့ သိရပါတယ်။

BGB တပ်ဖွဲ့ဝင်တွေ လုယူသွားတဲ့ နွား ၈ ကောင်က မောင်တောမြို့နယ်မြောက်ပိုင်း ဘော်ဒူလာစျေးက နွားကုန်သည်တွေ ပိုင်ဆိုင်တဲ့ နွားတွေဖြစ်ပြီး ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ နွားတွေ ဖြစ်ပါတယ်။

ဒီဖြစ်စဥ်ကြောင့် ရက္ခိုင်္ဂလား နယ်စပ်အကြားရှိ မောင်တောနယ်စပ် ဒေသခံ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့ အသက်မွေးဝမ်းကျောင်းကို အဟန့်အတားဖြစ်စေသလို ရက္ခိုင် – ဘင်္ဂလားဒေ့ရှ်ကြား ဆက်ဆံရေးတင်းမာမှုကို ဖြစ်စေနိုင်တယ်လို့ မောင်တောဒေသခံပြည်သူတွေက စိုးရိမ်နေကြပါတယ်။

Related posts

AA နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

Rakhita Times

ပြည်သူတွေဆဲတာကို မင်းအောင်လှိုင်က သူသိကြောင်း ဝန်ခံ

Rakhita Times

“အာရက္ခအားမာန် ရဲဘော်ကျော်ဟန်”

Rakhita Times

6 comments

Leave a Comment