အာရက္ခတိုင်းမ်စ် (၃၀ နိုဝင်ဘာ ၂၀၂၅)
ရက္ခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ) Arakan Historical Research Society (AHRS) က ကျင်းပပြုလုပ်တဲ့ Workshop for Research Techniques in History သင်တန်းကို အထင်ကရ ရက္ခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းက သမိုင်းသုတေသန နည်းစနစ်တိကို သင်ကြား၊ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။
ဒီသင်တန်းကို သမိုင်းသုတေသန ကျောင်းသား၊ ကျောင်းသူတွေ၊ သုတေသီတွေနဲ့ သမိုင်းဝါသနာရှင်တွေအတွက် အဓိကရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပြီး သမိုင်းသုတေသနဆိုင်ရာတွေကို စိတ်ပါဝင်စားရေလူတိုင်း လေ့လာသင်ယူနိုင်ဖို့ အထူးအခွင့်အရေးတစ်ရပ်လည်း ဖြစ်ပါတယ်။
သင်တန်းရဲ့ သမိုင်းကဏ္ဍတစ်ခုမှာ လူသားရဲ့ အရေးပါမှုတွေကို လေ့လာမှတ်သားခွင့်တွေ၊ သမိုင်းသုတေသနဆိုင်ရာ စူးစမ်းလေ့လာမှု ကဏ္ဍတွေမှာ သမိုင်းဆရာတွေအနေနဲ့ သိသင့်၊ သိထိုက်၊ လိုက်နာသင့် လိုက်နာဖို့လိုအပ်တဲ့ ကျင့်ဝတ် အကြောင်းအရာတွေ၊ သမိုင်းဆိုင်ရာ စူးစမ်းလေ့လာမှုတွေမှာ အသုံးပြုရတဲ့ သိပ္ပံနည်းကျ နည်းလမ်းတွေကို နက်နက်ရှိုင်းရှိုင်း လေ့လာကြရမှာ ဖြစ်ပါတယ်။
သမိုင်းက လူသားဂုဏ်သိက္ခာ၊ လူသားတို့ဖြစ်တည်မှု၊ လူသားတို့ရဲ့ သဘာဝ၊ လူသားတို့ရဲ့ ပြယုဂ်တွေကို အသံတိတ် မှတ်တမ်းတင်ထားတဲ့ အရာတွေဖြစ်တဲ့အတွက် အသံတိတ်မှတ်တမ်းတင်ထားတဲ့ (လူ့အသုံးအဆောင်၊ ဘာသာရေးအဆောက်အအုံ၊ ကျောက်စာ၊ ပီစာ စတဲ့) မှတ်တမ်းတွေရဲ့ လူသားတို့ဖြစ်တည်မှုအတိတ်သမိုင်းကို ပြန်မြင်ကြည့်ဖို့ အတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာကို နားလည်သဘောပေါက်လာနိုင်မှာ ဖြစ်တာကြောင့် ဒီသင်တန်းကို တက်ရောက်သင့်ပါတယ်။
သင်တန်းကို ဒီဇင်ဘာ ၆ ရက်နေ့ကနေ ဖေဖော်ဝါရီ ၇ ရက်နေ့အထိ တစ်ပတ်ကို တစ်ရက်နဲ့ ၈ ပတ်ကြာ သင်ကြားပေးမှာလည်း ဖြစ်ပါတယ်။
သမိုင်း၊ ရှေးဟောင်းသုတေသန (သို့မဟုတ်) အရှေ့တိုင်း ဘာသာရပ်များကို လေ့လာနေတဲ့သူတွေ၊ သမိုင်းသုတေသနတွေကို လေ့လာနေတဲ့သူတွေ၊ သမိုင်းပညာရေးဆိုင်ရာ စာစောင်၊ဆောင်းပါးတွေ ရေးသားနေတဲ့ စာရေးဆရာ၊ ဆရာမတွေ၊ လူမှုရေးသိပ္ပံဘာသာရပ်တွေ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေ၊ သမိုင်းသုတေသန ကျွမ်းကျင်မှုတွေကို အဆင့်မြှင့်တင်ချင်တဲ့ စိတ်ပြင်းပြသူတွေ တက်ရောက်လေ့လာသင့်တဲ့ သင်တန်းတစ်ခုလည်း ဖြစ်ပါတယ်။
သင်တန်းပြီးဆုံးတဲ့အခါ ရက္ခိုင်သမိုင်းသုတေသနစာတမ်းရေးသားပြုစုလိုတဲ့ သင်တန်းသားတွေအနေနဲ့ စာတမ်းပြုစုဖို့ ရက္ခိုင်သမိုင်းသုတေသနအဖွဲ့ (ရသသဖ)က လိုအပ်တာတွေကို ပံ့ပိုးကူညီပေးမှာလည်း ဖြစ်ပါတယ်။
တက်ရောက်လိုသူတွေအနေနဲ့ သက်ဆိုင်ရာအချက်အလက်တွေကို အောက်ပါ Google Form မှာ တိတိကျကျဖြည့်ပေးဖို့ လိုအပ်ပါတယ်။
Google Form Link
https://forms.gle/Nhqeoevn5Ahuvunk6
စတင်မည့်ရက် – စနေနေ့၊ ၆ ဒီဇင်ဘာ ၂၀၂၅
သင်တန်းကာလ – ၈ ပတ် (တစ်ပတ်မှာတစ်ရက်)
အချိန်- ည ၇:၀၀ မှ ၈:၀၀ ထိ (မြန်မာစံတော်ချိန်)
Zoom ID 3815552188
Passcode abcd1234
Arakan Historical Research Society(AHRS)
ရခိုင်သမိုင်းသုတေသနအဖွဲ့(ရသသဖ)
ပညာရေးနှင့်ထုတ်ဝီရေးဌာန။

258 comments