NewsPolitic

“ သူပုန်ဖြူအဖွဲ့” မှ ကဗျာစာအုပ်နဲ့‌‌ ငွေသားများ ထပ်မံပေးပို့

အာရက္ခတိုင်းမ်စ် (၈ ဒီဇင်ဘာ ၂၀၂၅)

“ သူပုန်ဖြူအဖွဲ့” မှ သူပုန်ဖြူကဗျာစာအုပ် နဲ့‌‌ ငွေသားတွေကို ‌ဒေသကာကွယ်ရေးအဖွဲ့တွေဆီ ထပ်မံ ပေးပိုခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် – AA ရဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထား‌တဲ့ သူပုန်ဖြူ ကဗျာစာအုပ် (၂၅) အုပ်ကို ယောကာကွယ်ရေးတပ် – YDF မှ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသော ရဲဘော်များအတွက် ဒီကနေ့ (ဒီဇင်ဘာ ၈ ရက်) မှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

“အာရက္ခတပ်တော် – AA၊ သူပုန်ဖြူအဖွဲ့က ပေးအပ်ခဲ့တဲ့အတွက် ဒဏ်ရာရရဲဘော်များမှာ ဝမ်းမြောက်‌ဂုဏ်ယူဖွယ်ရာ စိတ်ခွန်အားတရပ် ရရှိခဲ့ပြီး မွန်မြတ်တဲ့ ကောင်းကျိုးအတွက် ကျွန်ုပ်တို့ ယောကာကွယ်ရေးတပ် – YDF ကလည်း အတိုင်းအထက်အလွန် ဝမ်းသာပီတိ ဖြစ်ရပြီး ဒီနေရာကနေ ကျေးဇူးတင်ရှိ‌ကြောင်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်” လို့ ယောကာကွယ်ရေးတပ် – YDF က ဆိုထားပါတယ်။

ဒါ့အပြင် (ဒီဇင်ဘာ ၆ ရက်) မှာလည်း ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တွင် တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် သူပုန်ဖြူကဗျာစာအုပ်အပါအဝင် တဦးချင်းစီအတွက် ‌‌‌ငွေကျပ် တသိန်းလည်း ပေးအပ်ခဲ့ပါတယ်။

“အာရက္ခတပ်တော် ULA/AA ရဲ့ သူပုန်ဖြူ Team က ကျွန်တော်တို့ BNRA တွင် တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါ စွန့်လွှတ်ရသူများ တဦးချင်းစီအတွက် ပေးပို့တဲ့ သူပုန်ဖြူကဗျာစာအုပ်နဲ့ ငွေကျပ် တသိန်းပါ လွယ်အိပ်များကို ကောင်းမွန်စွာ လက်ခံရရှိပါတယ်ခင်ဗျ။ ပေးပို့တဲ့ လက်ဆောင်များအတွက် BNRA က ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ” လို့ BNRA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ (နိုဝင်ဘာ ၁၅ ရက်) မှာလည်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) က တိုက်ပွဲအတွင်း ဒဏ်ရာရ ရဲဘော်များအတွက် သူပုန်ဖြူကဗျာစာအုပ် ၄၂ အုပ်၊ လွယ်အိတ် ၄၂ လုံး နဲ့ ငွေသား ၄၂ သိန်းပါ စာအိတ် ၄၂ အိတ် ကို ပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အာရက္ခတပ်တော် – AA ရဲ့ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထားတဲ့ သူပုန်ဖြူကဗျာစာအုပ်ကို ဘာသာစကား ဗမာ၊ ရက္ခိုင်၊ အင်္ဂလိပ် နဲ့ တရုတ် ၄ ဘာသာ နဲ့ ထုတ်ဝေဖြန့်ချီနေပြီး ကဗျာစာအုပ်မှာ ကဗျာအပုဒ်ရေ ၃၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။ ကဗျာစာအုပ် ရောင်းရငွေရဲ့ အမြတ် ၃၅ ရာခိုင်နှုန်းကိုလည်း ကိုယ်လက်အင်္ဂါ ပေးဆပ်စွန့်လွှတ်ခဲ့ရတဲ့ တော်လှန်ရေး ရဲဘော်များအတွက် အသုံးပြုမှာ ဖြစ်တယ်လို့ သူပုန်ဖြူအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Related posts

တောင်ကုတ် မဟော်သဓာကျောင်းကို စကမ ဗုံးကြဲ

Rakhita Times

ဘယ်အဖွဲ့အစည်းမဆို တူညီချက်ရှိရင် မဟာမိတ်စုဖွဲ့မှုလုပ်တာ သဘာာဝပဲ

Rakhita Times

■ အေအိုင်နဲ့ အနာဂတ်ပညာရေး

Rakhita Times

5 comments

Leave a Comment