HealthNewsPolitic

ပလက်ဝတွင် AA က ကလေးငယ်များကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပေး

အာရက္ခတိုင်းမ်စ် (၉ ဒီဇင်ဘာ ၂၀၂၅)

ပလက်ဝခရိုင်အတွင်းရှိ ပလက်ဝနဲ့ ဆမီးမြို့နယ်တွေမှာ မွေးကင်းစ ၂ လသားအရွယ်ကနေ ၅ နှစ်အရွယ်ထိ ကလေးငယ်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဒုတိယအကြိမ် ကာကွယ်ဆေး အခမဲ့ ထိုးပေးနေတယ်လို့ သိရပါတယ်။

အဆိုပါ ကာကွယ်ဆေးကို ဒီဇင်ဘာလ ၇ ရက်က စတင်ကာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဒုတိယအကြိမ် အခမဲ့ ဆေးထိုးပေးနေတာလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးကို မွေးကင်းစ ၂ လသားအရွယ်ကနေ ၃ နှစ်အရွယ်အထိ ပထမအကြိမ် ထိုးပေးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးကိုတော့ မွေးကင်းစ ၂ လသားအရွယ်ကနေ ၅ နှစ်အရွယ်အထိ ထိုးပေးနေတာလည်း ဖြစ်ပါတယ်။

“ကာကွယ်ဆေးမထိုးရတာ ၃ နှစ်နီးပါးတော့ရှိပြီ အရင် ကလေးတွေဆို ထိုးဖူးတယ်။ ဒီကလေးကိုတော့ ကာကွယ်ဆေးမထိုးရလို့ စိုးရိမ်နေတာ။ အခုလို ကျမသမီးလေးကို ကာကွယ်ဆေး ထိုးခွင့်ရလို့ တအားပျော်ပါတယ်။ ဒီလို ထိုးခွင့်ရအောင်လုပ်ပေးတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကိုလည်း အထူးကျေးဇူးတင်တယ်”လို့ ကလေးမိခင်တဦးက ပြောပါတယ်လို့ We Love Paletwa တွင် ဖော်ပြပါရှိပါတယ်။

အဆိုပါ ကာကွယ်ဆေးတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး(DPT)၊ ပိုလီယိုရောဂါကာကွယ်ဆေး (OPV)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ အသဲရောင်အသားဝါ၊ ရေကျောက်၊ ဦးနှောက်အမဲပါးရောင်စတဲ့ ရောဂါကာကွယ်ဆေးတွေ ပါဝင်တယ်လို့ သိရပါတယ်။

Ref & Photo – We Love Paletwa

Related posts

စစ်တွေမှာ လက်နက်ကြီး အပိုင်းအစတွေ ၂ နေရာမှာ ထပ်တွေ့

Rakhita Times

အာရက္ခပြည် ပစ္စုပ္ပန်နှင့် အနာဂတ်ပညာရေး စိန်ခေါ်မှု

Rakhita Times

ကျောက်နီမော် ဗုံးကြဲခံရမှုကြောင့် သေဆုံးသူ ၂၆ ဦး၊ ဒဏ်ရာရရှိသူ ၂၇ ဦး နဲ့ နေအိမ် ၃၉၈ လုံး ပျက်စီး

Rakhita Times

237 comments

Leave a Comment