NewsPolitic

စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကိုအရေးယူပေးရန် မူဆလင်ရေးရာကောင်စီတောင်းဆို

အာရက္ခတိုင်းမ်စ် (၁၁ ဒီဇင်ဘာ ၂၀၂၅)

ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကို အရေးယူပေးရန် မောင်တောခရိုင်၊ မူဆလင်ရေးရာကောင်စီက တောင်းဆိုထားပါတယ်။

စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံကို မနေ့က (ဒီဇင်ဘာ ၁၀ ရက်)၊ ည ၉နာရီ ၁၃ မိနစ်မှာ ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် မူဆလင်မိသားစု လေးဦးအပါအဝင်

၃၃ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၇၆ ဦးအထိ ရှိခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များလည်း ပါရှိပြီး သေဆုံးသူ ဦးရေတိုးလာနိုင်တယ်လို့ ဆိုပါတယ်။

သေဆုံးခဲ့တဲ့ မူဆလင် လေးဦးဟာ ပေါက်တောမြို့နယ်၊ ဆင်တက်မော်ရွာက ဆေးလာရောက် ကုသနေတဲ့ အသက် ၅၁ နှစ်အရွယ် ဦးအာဒူဇော်လီ၊ အသက် ၄၇ နှစ်အရွယ် ဟာဆီနှင်း နဲ့ ချွေးမဖြစ်သူတို့အပြင် သူတို့ရဲ့မြေးဖြစ်တဲ့ သုံးလသားအရွယ် ကလေးငယ်တဦးတို့ ဖြစ်တယ်လို့သိရပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်က မြောက်ဦးမြို့၊ ပြည်သူ့ ဆေးရုံတွင် ဆေးကုသလျှက်ရှိနေတဲ့လူနာများနဲ့ မိသားစုများအား လူမဆန်စွာရက်စက်တဲ့ အကြမ်းဖက်သတ်ဖြတ်မှုဟာစစ်ရာဇဝတ်မှုဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ လူပေါင်းများစွာ သေကြေဒဏ်ရာရမှုအပေါ်တွင် မောင်တောခရိုင်၊ မူဆလင်ရေးရာကောင်စီအနေဖြင့် များစွာဝမ်းနည်းကြေကွဲရကြောင်းကိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနှံ့ရှိ မြို့၊ ရွာ၊ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံ၊ သာသနိက အဆောက်အဦးတို့အား နေ့စဉ်ရက်ဆက် လက်နက်ကြီးများနှင့် ပစ်ခတ်မှု၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု စတဲ့စစ်ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိတဲ့ အကြမ်းဖက်မြန်မာစစ်တပ်အား လိုအပ်သလိုအရေးယူခြင်းဖြင့် အပြစ်မဲ့သောပြည်သူများ၏ အသက်အိုးအိမ်များကိုတားဆီး ကာကွယ်ပေးရန် မောင်တောခရိုင်၊ မူဆလင်ရေးရာကောင်စီက ထုတ်ပြန်ချက်မှာထည့်သွင်းတောင်းဆိုထားပါတယ်။

Related posts

စကမရဲ့ ဒရုန်းအကြီးစား တစင်း AA ရရှိ

Rakhita Times

စစ်တွေက ALP တပ်သား လက်နက်နဲ့ ထွက်ပြေးတာ မဖြစ်နိုင်

Rakhita Times

AA ရဲ့ ဒရုန်းကြောင့် စစ်တွေက စကမ တပ်သား ၂၀ ခန့် သေဆုံး

Rakhita Times

1 comment

Leave a Comment