BusinessNewsPolitic

၉၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဖမ်းမိတွင် AA တရားခံလို့ စစ်ကောင်စီဝါဒဖြန့်

အာရက္ခတိုင်းမ်စ် (၁၉ မတ် ၂၀၂၅)

ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း) နဲ့ မြောက်ဥက္ကလာပတို့တွင် မတ်လ ၆ရက်က ၉၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိတာတွင် ရောင်းချရန်စီမံခန့်ခွဲသူဟာ AA ရဲ့ စီးပွားရေးတာဝန်ခံဖြစ်တယ်လို့ စစ်ကောင်စီက မတ်လ ၁၈ရက်တွင် ဝါဒဖြန့်ချီခဲ့တယ်လို့ သိရပါတယ်။

“စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ စိတ်ပြောင်းဆေးဝါးများကို မလေးရှားပင်လယ်ရေပြင်သို့ ချိတ်ဆက် ပို့ဆောင်ရောင်းချရန် စီမံခန့်ခွဲသူမှာ AA စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်း နဲ့ ဇနီးဖြစ်သူ ရွှေကောင်းသာ စက်လှေပိုင်ရှင် မသီတာမြင့် တို့ဖြစ်တယ်” လို့ စစ်ကောင်စီက ဝါဒဖြန့်ဆိုပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မတ်လ ၆ ရက် ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၁၄၄) ရပ်ကွက်၊ ဆင်ဖြူရှင်လမ်း၊ အမှတ် (၅၄၆/၅၄၇) ရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ သန်းလွင်၊ ဝေယျာအောင် (ခ) သားကြီး၊ သန့်ကောင်းဆက် (ခ) ပေါင်ချိန်၊ ရဲရင့်နိုင်၊ လှသန်းဦး (ခ) ရာကွတ် တို့ ၅ ဦး ထံမှ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၂ တန်၊ TOYOTA HILUX ယာဉ် (၁) စီး၊ TOYOTA LAND CRUISER ယာဉ် (၁) စီး နှင့် MERCEDES BENZ ယာဉ် (၁) စီးတို့နဲ့အတူ ပထမအကြိမ် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၆ ရက် ည ၉ နာရီခွဲအချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးတွင် ကျော်ကျော်သိန်း (ခ) ကျော်ကျော် (ခ) အသေးလေး မောင်းနှင်လာသည့် HYUNDAI BOX ယာဉ်ကိုရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၂၆၅ တန် နဲ့ ကက်တမင်း ၂၀၀ ကီလို ထပ်မံ ဖမ်းဆီးရမိခဲ့လို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်တဲ့ ကျော်ဝေထွန်း၊ သိန်းထွန်း (ခ) သန့်ဇင်၊ ရန်ရှင်းအောင် နဲ့ ဇော်ဇော်အောင် တို့ကို ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူဝါအပိုင်း (၄) ရပ်ကွက် ရွှေကောင်းသာ စက်လှေနဲ့အတူ ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၉၆ ဒသမ ၆၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၃ ဒသမ ၄၆၅ တန် နဲ့ ကက်တမင်း ၂၀၀ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

AA စီးပွားရေးတာဝန်ခံ ရဲဝင်း (ခ) ကျော်စိုးလင်း နဲ့ ဇနီး မသီတာမြင့် တို့ဟာ တန့်ယန်း၊ တောင်ကြီး၊ မန္တလေး နဲ့ ရန်ကုန်မြို့တို့တွင် မော်တော်ယာဉ်ဂိတ်များဖွင့်လှစ်ပြီး သူတို့ပိုင် ခရီးသည်တင်မှန်လုံယာဉ် ၁၆ စီးဖြင့် သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး မူးယစ်ဆေးဝါး နဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိတဲ့ ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

Related posts

ကျောက်ဖြူတိုက်ပွဲ ဦးစီးရန် စကမ တိုင်းမှူးကိုယ်တိုင်ရောက်နေ

Rakhita Times

ကပစ ၁၆ တပ်မိသားစုများ စစ်ဘေးရှောင်ဘဝရောက်နေရ

Rakhita Times

ရက္ခိုင်အမျိုးသမီး မစိုးစံသူ ပိုင်ဆိုင်တဲ့ တိုက်ခန်းအမှု တိုင်းအယူခံတက်ထား

Rakhita Times

12 comments

Leave a Comment