NewsPolitic

မြောက်ဦးကို စကမ ဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၂၁ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာအနီးကို နိုဝင်ဘာလ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။

“ရွာနားကို ကျတာဆိုတော့ လူအသေအပျောက်တော့ မရှိဘူး။ ဒါပေမယ့် လယ်ထဲမှာကျောင်းထားတဲ့ နွား ၂ ကောင်တော့ သေပြီး ၂ ကောင် ဒဏ်ရာတွေ ရသွားတယ်” လို့ မြောက်ဦးဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်က မြို့နယ်တွေကို နေ့စဉ်ရက်ဆက်ဆိုသလို့ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အလားတူ သြဂုတ်လ ၂၅ ရက်ကလည်း မြောက်ဦးမြို့နယ် အောင်တပ်အုပ်စု ဒိုင်ကျီရပ်ကွက်ကို ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ ၁၅ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

အာရက္ခတပ်တော်အနေနဲ့လည်း ရက္ခိုင်ပြည်ကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် အထူးသတိထား နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

Photo – APM

Related posts

ငပလီကို Y-12 ၆ စီးနဲ့ ဗုံးပတ်ကြဲနေ(Breaking News)

Rakhita Times

ရက္ခိုင်ပြည် စားနပ်ရိက္ခာလိုအပ်ချက်က ကပ်ဆိုးဖြစ်လာနိုင်လို့ WFP ထုတ်ပြန်

Rakhita Times

သံတွဲမြို့သစ်ကို ရွေးတုအစိုးရ ဗုံးကြဲလို့ သားအဖ ၂ ဦး သေဆုံး၊ ၂ နှစ်ကလေးပါ ၃ ဦး ဒဏ်ရာရ

Rakhita Times

46 comments

Leave a Comment