အာရက္ခတိုင်းမ်စ် (၁၂ ဒီဇင်ဘာ ၂၀၂၅)
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို အကြမ်းဖက် ဖက်ဆစ် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်းပြည်တွင်းပြည်ပအာရက္ခအမျိုးသမီးများအဖွဲ့ (အရွယ်စုံ Arakan Ladies) က ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။
“ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့တွင် ပြောင်ပြောင်တင်းတင်း ကျူးလွန်ချိုးဖောက်ခဲ့သည့် စစ်ကော်မရှင်၏ လုပ်ရပ်ကို ပြင်းထန်စွာ ရှုတ်ချပြီး ထိခိုက်သေဆုံးသူများအတွက်လည်း များစွာ ၀မ်းနည်းမိပါကြောင်း အရွယ်စုံ Arakan Ladies အဖွဲ့မှ သဘောထား ထုတ်ပြန်ထားပါသည်” လို့ ထုတ်ပြန်ထားပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့၊ ည (၉) နာရီအချိန်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကို “ စစ်ကော်မရှင်တပ်က ဂျက်ဖိုင်တာနဲ့ ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချခဲ့တဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဥ်ဟာ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေး ကာကွယ်ရေးစံနှုန်းများအပေါ် ပြင်းထန်တဲ့ ဖြစ်စဥ်ဖြစ်တယ်လို့ အရွယ်စုံ Arakan Ladies က အပြည့်အ၀ မှတ်ယူပါတယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ဆေးရုံတက်ရောက် ကုသနေတဲ့ လူနာများနဲ့ လူနာစောင့်များ အပါအဝင် လူနာ (၃၃) ဦး သေဆုံးခဲ့ပြီး (၇၆) ဦး အထိ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၀န်းအတွင်းရှိ ဆေးကုသမှုဆိုင်ရာ အဆောက်အဦးများ၊ ဆေးဝါးဆိုင်ရာ ဆက်စပ်ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်သေဆုံးသူများတွင် မွေးကင်းစကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ အပါအ၀င် ဆေးရုံ၀န်ထမ်းများနဲ့ အပြစ်မဲ့ပြည်သူများ အရွယ်စုံပါ၀င်တယ်လို့ သိရတဲ့အတွက် အဆိုပါဖြစ်စဥ်နဲ့ပတ်သက်ပြီး များစွာ ၀မ်းနည်း စိတ်မကောင်းဖြစ်ရပြီး ကျူးလွန်ခဲ့တဲ့ စစ်ကော်မရှင်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါတယ်လို့ ဆိုပါတယ်။
ဆေးရုံကို တိုက်ခိုက်မှုဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law (IHL)) နဲ့ ဂျီနီဗာသဘောတူညီချက်များ (Geneva Conventions) အဆိုအရ “ ဆေးရုံ၊ ကျန်းမာရေး၀န်ထမ်းများနဲ့ လူနာများကို တိုက်ခိုက်မှုမှ ကာကွယ်ခံရမယ့် Protected person များဖြစ်တယ်” လို့ အတိအကျ ဖော်ပြထားပြီး စစ်ကော်မရှင်က အခုလို လူအခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်တာကို ရှုတ်ချတယ်လို့ အရွယ်စုံ Arakan Ladies က ထပ်မံ ဖော်ပြထားပါတယ်။

12 comments
chances-of-winning-pokies-in-new-zealand
Also visit my blog post Golden
meilleures-machines-à-machines-à-sous-android
Feel free to visit my webpage loto (Reda)
kajot-casino-no-deposit-bonus-codes-for-free-spins-2026
Feel free to surf to my web page :: best – Joshua –
migliori-casinò-in-europa
Also visit my web page – winning (Christen)
online-casino-per-handyrechnung
Review my blog post – demo (Silas)
welke-casinos-in-luik-hebben-ellen-gokkasten
Also visit my site – game [Traci]
blackjack-free-to-play
Here is my webpage bet365 (Arlette)
bonus-casino-deposit
Feel free to visit my homepage; chips (Jermaine)
casino-golden-lion-ciudad-guzman
My webpage … ganar – Jackson –
casino-zonder-storting-in-belgië
Here is my web-site – roulette
rabona-casino-cz-2026-review
my homepage … Play
spill-regel-craps
Also visit my website – depozytu (Kraig)